Monday, February 29, 2016

အချစ်​ ၄ မျိုးရှိတယ်​တဲ့

အချစ်လေးမျိုးရှိတယ်တဲ့….
1. Ego Love
2. One-sided Love
3. Blind Love
4. True Love

1. Ego Love
ဒီအမျိုးအစားက တော့ အတ္တဆန်တဲ့အချစ်မျိုးလို့ပြောလို့ရပါတယ်….
အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းလို့ သတ်မှတ်ထားတဲ့သူတွေပေါ့…
ကိုယ်ချစ်တဲ့သူကို…ကိုယ့်ဘေးမှာပဲခေါ်ထားချင်တယ်…မျက်စိအောက်ကအပျောက်မခံချင်ဘူး…
သ၀န်တိုနေတယ်…ချစ်သူကကိုယ့်ကိုပဲ ကရုစိုက်စေချင်တယ်ဆိုရင်….အဲဒါ ego love ဖြစ်နေပါပြီ…
အဲဒီလိုလူတွေက…ချစ်သူကို စိတ်ဆိုးလွယ်တယ်…
သူက ငါ့ကို ငါချစ်သလောက်မချစ်ဘူးဆိုတဲ့အတွေးမျိုး.. ခဏခဏ၀င်တတ်ပါတယ်…
အမှားဆိုရင် သေးသေးလေးတောင် သည်းမခံတတ်ကြပါဘူး….
အချစ်ကြီးပြီး အမျက်ကြီးတယ်ဆိုတဲ့လူစားမျိုးတွေလဲပါတယ်ပေါ့…

2. One-sided Love
ဒီအမျိုးအစားက…ကိုယ်ကပဲချစ်နေချင်တယ်……
အရာရာပေးဆပ်နေချင်တယ်……
အကောင်းဆုံးတွေလုပ်ပေးချင်နေတယ်……
ဒါပေမယ့် တစ်ဖက်လူက,,, ကိုယ်လုပ်ပေးနေတာတွေကို လိုချင်ရဲ့လားဆိုတာ…ဘယ်တော့မှမစဉ်းစားပါဘူး…
အဲဒါကြောင့် တစ်ခါတစ်ခါ…တစ်ဖက်လူက စိတ်ကျဉ်းကျပ်တာတွေ…စိတ်ရှုပ်တာတွေခံစားရတတ်ပါတယ်…
အတွဲတစ်တွဲမှာ တစ်ယောက်က အဲဒီလိုဖြစ်နေပြီဆိုရင်တော့…….
မကြာခင်မှာ ဆက်ဆံရေးက အက်ကြောင်းထင်လာတတ်ပါတယ်…

3. Blind Love
ဒီလိုအချစ်အမျိုးအစားကို…စိတ်ကစားတာလို့လဲခေါ်နိုင်ပါတယ်…
အချစ်မှာမျက်စိမရှိဘူးလို့ပြောနေကြတဲ့သူတွေပေါ့…
အရာရာကို ရင်ဆိုင်ရဲလာမယ်….သူ့အတွက်နဲ့ အရာရာကိုစွန့်လွှတ်ရဲတဲ့စိတ်တွေဝင်လာမယ်…
ဒါဆိုရင် blind love ဖြစ်နေပါပြီ…ဖြစ်သင့်မဖြစ်သင့်…လုပ်သင့်မသင့်တွေလဲမစဉ်းစားမိတော့ဘူးလေ….
ဒါပေမယ့် ဒီလိုအချစ်မျိုးက ကြာကြာမခံပါဘူး….
အချစ်တွေပျောက်သွားတဲ့အချိန်မှ…ကိုယ်လုပ်မိတာတွေအတွက်..နောင်တရနေတတ်ပါတယ်..

4. True love
နောက်ဆုံးအမျိုးအစားပါ….မေတ္တာလို့လဲခေါ်နိုင်တယ်ပေါ့…..အေးချမ်းတဲ့အချစ်လို့ပြောလို့ရပါတယ်…
ပေးဆပ်ခြင်းနဲ့လဲ မကျေကွဲရဘူး….ရယူလိုခြင်းအတွက်လဲ မပူလောင်ရတဲ့အချစ်မျိုးပါ….
ဒီလိုအချစ်မျိုးကတော့….အင်မတန်ရှားပါတယ်…
လူတစ်ယောက်ကို….တစ်ခြားဘာကိုမှမကြည့်ပဲ….သူဖြစ်နေတဲ့အတွက်ချစ်နေတဲ့အချစ်မျိုးပါ….
အသဲကွဲတယ်ဆိုတာလဲမရှိဘူး….
သူနဲ့မပေါင်းရလဲ…ဘာမှမဖြစ်ပဲ…တစ်သက်လုံး…စိတ်ထဲမှာထားပြီး….
ချစ်သွားနိုင်တဲ့အချစ်မျိုးပါ….အဲဒါကြောင့် တစ်ချို့က ၅၂၈ မေတ္တာနဲ့တောင် မှားတတ်ကြပါတယ်….


ချစ်​တဲ့မိန်းမ

ချစ်တဲ့မိန်းမ..
တေးစပ်သီကုံး ..Rap ဆိုမုန်းတဲ့ မိန်းမ..
ပိန်ညောင်ရွဲ့စောင်း ..Punk မှကောင်းတယ်ဆိုတဲ့ မိန်းမ..
ငြီးတွား ဆိုငို.. Pop ချိုချိုမှ နားဆင်လိုတဲ့မိန်းမ ..
ပလိစိချောက်ချက်..မျက်တွင်းနက်တဲ့ မိန်းမ..
ပါးစပ်ကရှဲထွက်.. တံတွေးစက်လက်နဲ့ မိန်းမ..
အသားလည်းမည်း ..မျက်ခုံးဆွဲတတ်တဲ့မိန်းမ..
ခေါင်းက ရှုပ်ပွ.. သန်းတရွရွနဲ့  မိန်းမ..
စကားကပ်ဖဲ့ ..နှာသံထွက်တဲ့ မိန်းမ..
ပစ္စည်းဂုဏ်မောက်..နှာရောင်ကောက်တဲ့မိန်းမ..
လူက၀က်ပုတ် ..ခြေသလုံးတုတ်တုတ်နဲ့မိန်းမ..
မျက်ပေါက်ကျဉ်းကျဉ်း ..အမြင်မရှင်းတဲ့ မိန်းမ..
ခြေလက်သသ ..သချီး(သွားဂျေး) ဗရပွနဲ့မိန်းမ
အားနေငိုညဉ်း ..အချစ်ကြီးတတ်တဲ့မိန်းမ..
မျှော်ကာနေတုန်း..ဟိုအရင်အချစ်ဆုံး အကြောင်းပြောတတ်တဲ့ မိန်းမ…
လမ်းဘေးဆိုင်ဆို.. မျက်နှာညို တတ်တဲ့မိန်းမ..
စပ်စပ်ပြဲပြဲ..အလကားရ အကုန်စွဲတတ်တဲ့မိန်းမ..
ကောင်းတာရွေးစား.. ဆင်ခြေများတတ်တဲ့ မိန်းမ..
တညင်းသီးစား ..အီးပေါက်များတဲ့မိန်းမ..
ကြက်သွန်ဖြူကြိုက်..kissing ရိုက်တတ်တဲ့မိန်းမ..
စားသောက်ပြီးနောက်..အဲဗားကောက်တတ်တဲ့မိန်းမ (စိတ်ကိုပြောတာ)
လိုင်းကားမတ်တပ် ..အသက်ရှု ကြပ်တတ်တဲ့မိန်းမ..
ပညာလည်းတတ်… ကုတ်စီးကပ်တဲ့မိန်းမ..
ရူပါဖြောင့်ဖြောင့် ..ငြူဆူဆောင့်အောင့်တတ်တဲ့မိန်းမ..
ကျောမှာတက်တူး..ဘီယာ အသေမူးတဲ့ မိန်းမ..
ချစ်သူရှေ့ထား ..ကိုးရီးယားကားအကြောင်းပြောတတ်တဲ့မိန်းမ..
ရည်းစားမျက်ကွယ်…အညှာလွယ်တတ်တဲ့မိန်းမ..
chatting အမြဲထိုင်.. အီစီကလီပိုင်တဲ့ မိန်းမ..
လူတကာနဲ့ပျော်…ကိုယ်နဲ့ရှော်တတ်တဲ့မိန်းမ…
နေ၀င်မီးပိတ်..ဖုန်းပြောရင်းမှ အိပ်တတ်တဲ့ မိန်းမ..
သမီးကိုပေါင်းသင်း..ယောက္ခမရော်နင်းမယ့်မိန်းမ..
လင်ကိုပစ်ထား..မိဘစကားသာ နားထောင်တတ်တဲ့မိန်းမ..
အိပ်ရင်း သေးပါ… စောင်ကွာပက်လက် လူကိုဖက်တတ်တဲ့မိန်းမ
မသိရင် ငြိမ်ကုပ် ..တနေကုန် အတင်းတုပ်တတ်တဲ့မိန်းမ
အလှပြင်ဆိုင်အား..ရက်စေ့သွားတတ်တဲ့မိန်းမ..
ထမင်းမချက်..နှစ်လုံးတွက်တတ်တဲ့မိန်းမ..
နေ့တိုင်းအားယား..ရှော်ပင်းသွားတတ်တဲ့မိန်းမ..
အမေလည်း မချစ်..ကိုယ်စိတ်ညစ်ရမယ့် မိန်းမ..
အိုမင်းရင့်ရော်… ၃၀ ကျော်တဲ့ မိန်းမ..။ ။


ဖုံးထားလိုက်​ . . .

ကျုပ်​ကိုပြုံးပြ​နေတဲ့
ခင်​ဗျားရဲ့ရင်​ထဲကပရိယာယ်​​တွေကို
ဖုံးထားလိုက်

မင်းနဲ့ငါ နှစ်​​​ယောက်​တည်းသိတဲ့
ရွက်​၀ါတစ်​ခုရဲ့ အနမ်းကို
ဖုံးထားလိုက်

မျက်​စိတစ်​ဖက်​မှိတ်​ပြလိုက်​တဲ့
အဲဒီလူကြီးရဲ့ပုံပြင်​တစ်​ပုဒ်​ကို
ဖုံးထားလိုက်

မိန်းမသိရင်​မဖြစ်​ဘူးကွ လို့
ကတုန်​ကယင်​​ပြောပြတဲ့ အချစ်​ကို
ဖုံးထားလိုက်

ခင်​ဗျားတို့ကို ဘီယာတိုက်​ပြီး
နှုတ်​ပိတ်​လိုက်​ရတဲ့ငွေ​​ရေး​ကြေး​ရေးပြဿနာကို
ဖုံးထားလိုက်

ဒီကဗျာထဲမှာကျန်​​နေ​သေးတဲ့
ကာရန်​န​ဘေတစ်​ချို့ကိုလည်း
ဖုံး
ထား
လိုက်​........။


ခေတ်​ကို အနိုင်​ယူပါသမီး​ရေ

တက္ကသိုလ်​​ကျောင်းသူကြီးဆိုပြီး
ကိုယ့်​ကိုယ်​ကို အထင်​ကြီးလို့ရပါတယ်
ဒါ​ပေမယ့်​ သမီး​ရေ......
ကိုယ့်​ရဲ့ အ​နေအထိုင်​ အ​ပြောအဆိုက
ကိုယ့်​ဘဝကို အ​ရောင်​ခြယ်​တတ်​တယ်​​နော်
အ​ပျော်​သ​ဘော​တွေများတဲ့ ​ခေတ်
တစ်​ခါသုံး​တွေ ​ပေါတဲ့​ခေတ်
ကိုယ့်​ကျင့်​တရား​တွေ မှိုတတ်​တဲ့​ခေတ်​မှာ
ဆင်​ခြင်​တုံတရားနဲ့ရှင်​သန်​ပါ သမီး​ရေ.. .....။

ပညာရှာရမယ့်​အချိန်​မှာ
ရည်းစားထားတာ အပြစ်​မဆိုပါဘူး
ဒါ​ပေမယ့်​ သမီး​ရေ.. ..
စိတ်​အလိုလိုက်​လွန်းလို့ မှားခဲ့မိသူ​တွေ
အတုယူလွဲခဲ့လို့ အရှက်​ရခဲ့သူ​တွေ
ခေတ်​ကိုပုံချပြီး မျက်​နှာပျက်​ခဲ့သူ​တွေ
တန်​ဖိုးထားအပ်​တဲ့အရာဟာဘာလဲ သမီး​ရေ...။

ကိုယ့်​ချစ်​သူကို မြတ်​နိုးတယ်​ဆိုရင်
ကိုယ့်​ချစ်​သူက ကိုယ့်​ကိုတန်​ဖိုးထား​စေချင်​ရင်
မြန်​မာ့ယဉ်​​ကျေးမှုကို ထိန်းသိမ်းဖို့သိခဲ့ရင်
ဗုဒ္ဓရဲ့အဆုံးအမကို လိုက်​နာသင့်​တယ်​ထင်​ရင်
အချစ်​ရဲ့အဓိပ္ပါယ်​ လှပလိုတယ်​ဆိုရင်
လိုက်​​လျောမှုကို စည်းခြားထားပါသမီး​ရေ....။

အားလုံးရဲ့မြင်​ရာမှာ ​မေတ္တာထားပါသမီး​ရေ
ကော်​ရစ်​တာမှာ အကြည့်​ချင်းဆုံ
ရင်​ခုန်​လိုက်​ပါ သမီး​ရေ
Canteen မှာ လက်​ချင်းချိတ်​ ယုယ
ချစ်​သူကို ကဗျာရွတ်​ပြလိုက်​ပါ
ကော်​ဖီဆိုင်​မှာ အပြုံးဖလှယ်
သမုဒယတွယ်​လိုက်​ပါ သမီး​ရေ
ကျောင်းဝင်းထဲကခ​ရေပင်​​အောက်​မှာစကား​ပြော
သံ​ယောဇဉ်​​နှောပါ သမီး​ရေ..
မသွားသင့်​တဲ့​နေရာ​တွေကို​ဝေး​ဝေး​ရှောင်
ကြင်​နာမှု​တွေ အ​မှောင်​မကျ​စေနဲ့ သမီး​ရေ.. .။

ပညာရှာချိန်​မှာ ပညာကို ပထမဦးစား​ပေးပါ
အနာဂတ်​အတွက်​ smart plan ချမှတ်​ပါ
တောင်​တန်းပြာမြစ်​တစ်​စင်းပန်းသင်းသင်းကိုချစ်​ပါ
လူအားလုံးအ​ပေါ် အတ္တမဲ့ ​မေတ္တာထားပါ
လောကအ​​ပေါ် positive thinking ရှိပါ
ကျေးဇူးတရားအတွက်​ ​ပေးဆပ်​ဖို့အသင့်​ရှိပါ
ပြောခဲ့တာ​တွေထဲကတစ်​ခုတည်းလိုက်​နာပါသမီး​ရေ

အ​ပေါစားစိတ်​​ကျေနပ်​စရာ​တွေနဲ့
ဘဝကိုမဖြုန်းတီးပါနဲ့ သမီး​ရေ.....
ဖေ​ဖေ ​မေ​မေတို့ကို ​လေးစားပါ

တိုင်းပြည်​ကအားကိုးရတဲ့လူတစ်​​ယောက်​ဖြစ်​ဖို့
စိတ္တ ဥာဏ​တွေ ခိုင်​ခံ့ပါ​စေ
ဆရာ ဆရာမ​တွေကို အားနာပါ

မိမိပတ်​ဝန်းကျင်​ရဲ့ စံနမူနာ​ကောင်းဖြစ်​ဖို့အတွက်
ကြိုးစားမှု​တွေ ပြက္ခဒိန်​ဆက်
မျိုးဆက်​သစ်​ကို လက်​ဆင့်​ကမ်းပါ

ကျွန်​​တော်​၏ သင်​ကြားဆုံးမမှုများ​အောက်​မှ ကင်းကွာသွားကြ​သော ချစ်​ခင်​ရ​သော တပည့်​မိန်းက​လေးများ နှင့်​ ဆယ်​​ကျော်​သက်​မြန်​မာသမီးငယ်​များအား ရည်​ညွှန်းပါသည်​။


ငှက်​က​လေး

ငှက်ကလေး
မင်းလာနားပုံကမယုံနိုင်စရာ
တိုးတိတ်ညင်သာလွန်းရဲ့
ရှုခင်းမဲ့ပြတင်းပေါက်အသေထဲ
မင့်ရဲရင့်ဖျတ်လတ်တောင်ပံခတ်သံနဲ့
အမှန်တွေဟာသက်ဝင်လင်းပြက်လို့

ငှက်ကလေး…
မင်းဟာ ကမ္ဘာဦးဂူနံရံမှာ
ငါရေးခြစ်ခဲ့တဲ့ သိစိတ်မဲ့ပန်းချီကား
အလင်းကန်းနေတဲ့ မျက်လုံးတွေရဲ့တံခါးကို
မင်းရင်ထဲကသီချင်းစာသားနဲ့ ဖွင့်ခဲ့တယ်…
အရှုံးမဟုတ်ဘူး ငှက်ကလေး…

ငြိမ်းချမ်းရေးဆိုတာ
ချစ်ခြင်း မေတ္တာရဲ့ ထိုးမြဲလက်မှတ်ပါ
မင်းပျံသန်းသွားပြီးတဲ့နောက်မှာ
ငါဟာ ငြိမ်းချမ်းစွာချစ်ခဲ့တယ်…
ငါဟာငြိမ်းချမ်းစွာ…

ငါဟာ…
ငှက်ကလေး…
မင်းစတေးခဲ့တဲ့တောင်ပံတွေရဲ့ တံစက်မြိတ်မှာ
ငါ့အမှောင်စိတ်သွေးတိတ်ခဲ့ပေါ့
မရေရာသူတွေရဲ့ စကားမှာတော့
မင်း ပျံသန်းပျောက်ပျက်ခဲ့ပြီတဲ့
ရင်ထဲကိုလာနားတဲ့ ငှက်ဆိုတာ
တစ်သက်လုံးပျောက်ပျက်ဖို့ ပျံသန်းမှာ မဟုတ်ဘူး
ငါ အဲဒီလို ယုံကြည်ဖွဲ့ဆိုခဲ့တယ် ။ ။


လိုချင်​တာ တစ်​မျိုး

လိုချင်တာတစ်မျိုး
ရတာတစ်မျိုးနဲ့
စိတ်ပျက်မိတဲ့ တခဏတာမှာ
ပတ်ဝန်းကျင်က ပြောကြတာ
ဓမ္မတာ ပါတဲ့
ဓမ္မတာဆိုတာ
လူဖန်တီးတာပါ
ဓမ္မတာဆိုတာ
ဘဝကပြုခဲ့တဲ့ကောင်းမှု မကောင်းမှုပါ
ဓမ္မတာဆိုတာ
ယခုဘဝမှာ အားထုတ်ခြင်း
ကြိုးစားခြင်း ပါပဲ့
အခု ကြိုးစားနေတယ်
ဖြစ်တတ်ပါတယ်ဆိုတဲ့ဓမ္မတာကို
ပြင်ချင်လို့ 


Sunday, February 28, 2016

ရက်​စက်​သူ - - -

ရက်စက်သူ
မင်းအကြောင်းကို တွေးတော....
ငေးမောလို့ စာရွက်ပေါ်ချရေးမိတဲ့အခါ...
ဒါဟာ ကဗျာတစ်ပုဒ်ဖြစ်ဖြစ်သွားတယ်...။
အိပ်မက်မှာ လွင့်မျော.........
စိတ်တို့ကို အတွေးနယ်ချဲ့မိပြန်တော့.....
ညစဉ် ငါ့မှာ ရင်မောနေရတာ....
ဒါကို ဘယ်သူကရော သိနိုင်မှာလဲကွယ်...။
မလိုချင်ပါဘူး..........
အဆိပ်တက်နေတဲ့ နေ့တွေ........
ရင်မဆိုင်ချင်ဘူး.........
အိပ်ပျက်နေတဲ့ညတွေ............
တိတ်တဆိတ် ငါ့ရင်ခွင်ထဲ
မင်းရောက်လာမဲ့နေ့.........
ရင်ခုန်စွာ မျှော်လင့်မိနေလဲ.........
စိမ်းရက်စက်နိုင်လွန်းတဲ့ မင်းနှလုံးသား...
တခါကလို အေးစက်စက်နိုင်တုန်းပါပဲကွယ်..။


ချစ်​သူသိ​စေ

ကြယ်စင်တွေ ဖြန့်ကျဲ.........
အဆုံးအစမရှိတဲ့ ကောင်းကင်ရင်ဘတ်ထဲ.....
အပြာရောင်ဂြိုလ်တစ်ခု.........
တည်ဆောက်နေခဲ့တယ်........။
မင်းတစ်ယောက် ခိုလှုံဖို့ပေါ့ကွယ်......။
အကြင်နာတွေ စိုက်ပျိုး.......
ထာဝစဉ် မညှိုးလေမဲ့ အချစ်ပန်း......
ငါ့နှလုံးသား ဥယျာဉ်မှာ ပွင့်လန်းလို့နေပြီ...
မင်းတစ်ယောက် ပန်ဆင်စေတော့ကွယ်....။
ရင်ခုန်သံတွေ မြေမှာချနင်း.........
ငါ့နှလုံးသားကို ကြည်ဖြူစွာ
လမ်းခင်းပေးလိုက်ချင်တယ်...........
(အပူအပင် ကင်းမဲ့စွာနဲ့) .........
မင်းတစ်ယောက် နင်းလျှောက်စေတော့ကွယ်...။
တခါတခါတော့လဲ.........
ကမ္ဘာကို တိုင်တည်ပြီး..............
စကြာဝဠာကြီးတစ်ခုလုံး မြည်ဟီးသွားတဲ့အထိ
မင်းသိအောင် အော်ပြောလိုက်ချင်တယ်......
ငါ့အသဲ ငါ့အသက်နဲ့ ထပ်တူ
မင်းကို ချစ်တယ်....


ချစ်​သူသို့ တမ်းချင်း

လေပြေတွေက ဥသြငှက်ရဲ့ အော်သံနဲ့အတူ
ပစ္စုပ္ပန်ကို ငါ့ဆီကိုခေါ်ဆောင်လာခဲ့တယ် ။
နွေဦးကို မြင်ရတဲ့ အချိန်လောက်
ဘ၀မှာ သာယာတာမျိုးမရိုးနိုင်ဘူး ။
ဒါနဲ့တောင် အတိတ်မှာပျော်ဝင်နေချင်သေးတဲ့ ငါက
အိပ်မက်ကနိုးထဖို့တောင် ယောင်နန....
ချောင်ကျကျ ကော်ဖီဆိုင်ထောင့်မှာ
ဘယ်လောက်ကြာအောင် ထိုင်နေခဲ့မိပြီလဲမသိ.....
နင်ရှိနေသေးတယ် ဆိုတဲ့ အသိက
ငါ့ရင်ကို တလှပ်လှပ်ခုန်စေခဲ့တယ် ။
ဒီလိုနဲ့ပဲ......မျှော်လင့်ချက်တွေ ထပ်ထပ်ပြီး
တောင်လိုရာလို ပုံနေခဲ့တယ် ။
ရင်ခုန်စွာနဲ့ အိပ်မက်နေဆဲပါ...ငါ့ချစ်သူ
ငါဟာ အိပ်မက်နေဆဲ......
ကျေးဇူးပြုပြီး အိပ်မက်ကငါမနိုးပါရစေနဲ့ ။
မျှော်လင့်ချက်တွေကို နင်ရိုက်ချိုးမပစ်လိုက်ပါနဲ့ ။
ကျေးဇူးပြုပြီး ငါ့ကိုဆက်လက်ရှင်သန်ခွင့်ပေးပါ ။
ဒီကမ္ဘာလောကကြီးရဲ့ တနေရာရာမှာ
နင်ရှိနေသေးတယ်ဆိုတာ.......
ငါ့နှလုံးသားက အသေအချာကိုသိနေလို့ပါ ။


ကောင်​မ​လေး • • • •

ကောင်မလေး .......
ရင်ခုန်သံတွေ ရပ်လောက်အောင်ကို
လှတဲ့ ကောင်မလေး....
နှုတ်ခမ်းလေး နီထွေးထွေးနဲ့
ချစ်စရာကောင်းတဲ့ ကောင်မလေး.....
ငါ ညည အိပ်ရေးပျက်ရတာလဲ
နင့်ကြောင့်ပါပဲ ကောင်မလေး......
ကောင်မလေးရေ...
နင်မို့လို့ လမ်းလျှောက်သွားရင်
လူတွေအားလုံး ၀ိုင်းငေးကြတယ် ။
လှလွန်းတဲ့ နတ်မိမယ်ရယ်....
ရင်ခုန်သံမြန်နေလို့ ရူးရတော့မယ် ။
အရမ်းကြီး အလှမပြင်ပါနဲ့ ။ (နောက်ပြီး)
အရမ်းကြီးလဲ မလှချင်ပါနဲ့ ။
နတ်သမီးလေး...
နင် ငါကလွဲပြီး ဘယ်သူ့ကိုမှ
မချစ်လိုက်ပါနဲ့  . . . . . .


Saturday, February 27, 2016

ကျွန်​မအတွက်​ဆို :)

ကျမအတွက်ဆို
ဘယ်တော့မှမအားပေမဲ့
တဖက်သတ်တွေနဲ့လည်း
အပျော်စိတ်ကူးယဉ်ဖူးတယ်
ကျမအတွက်ဆို
ဘယ်တော့မှကဗျာမဖွဲ့ပေမဲ့
အခြားသူရဲ့အလွမ်းကဗျာတွေနဲ့လည်း
စိတ်ကူးယဉ် ပျော်ဖူးတယ်
ကျမအတွက်ဆို
ဘယ်တော့မှ အနားမလာချင်ပေမဲ့
မျှော်ရင်းနဲ့လည်း စိတ်ထဲ
ကျေနပ်ဖူးတယ်
တခါတလေ
အကြောင်းမတိုက်ဆိုင်သော်လည်း
သတိတွေရပြီး အိပ်မက်တွေထဲ
ယောင်ယောင်ပီးလည်း အမြဲပြုံးဖူးတယ်


Thursday, February 25, 2016

အရာအားလုံး

အရာအားလုံး
အရာအားလုံး ဆုံးရှုံးတော့မလား
အရာအားလုံး
အရာအားလုံး ပျက်စီးနေပီလား
အရာအားလုံး
အရာအားလုံး အရှုံးနဲ့ရင်ဆိုင်ရမှာလား
အရာအားလုံး
အရာအားလုံး ဟာ
ဘာလို့ များးးးးးးးးး
အမှားအယွင်း အပျက်အစီးးးးးအထိအခိုက်
အဆုံးအရှုံးတွေနဲ့ချည်းကြုံနေရတာလဲ
ပြန်တွေးးးးကြည့်မိတယ်
အရာအားလုံး မှာ အမှားတစ်ခုမှ ငါမလုပ်ခဲ့ဘူး
အရာအားလုံး မှာ အပျက်အစီးအားလုံး ငါမလုပ်ခဲ့ဘူး
ဒါမဲ့ အရာအားလုံး မှာ အရှုံးတွေပဲ့ ငါရတယ်
ငါ့မျက်စိရှေ့မှာ ပျက်စီးကုန်တယ်
ဒီလို အဖြစ်အပျက်တွေကြောင့်
မြင်တာနဲ့တင် ဒီဘဝ ဒီမျှ ကြေပါစေတော့
ယုံကြည်ရာ တစ်ခုကြောင့်
ဘယ်တော့မှ ငါ့ဆီ အရှုံးတွေ အမုန်းတွေ
အပျက်အစီးတွေ သယ်မလာပါနဲ့
ဒီဘဝမှာ သူတပါးထိခိုက်အောင် ဘာတစ်ခုမှမလုပ်ဖူးပါ
ဒီ သစ္စာ စကားးးးမှန်ကန်မှုကြောင့်
ရောက်လေရာ နေရာ
ထက်မြက်စွာဆုံးဖြတ်နိုင်သူ ဖြစ်ရပါလို၏

ကတိ ကတိ

ဘာဖြစ်ဖြစ်
ကျမ ကြိုက်တဲ့အရာကို
နောက်တစ်ကြိမ်အဆုံးအရှုံးမခံနိုင်တော့ဘူး
အကြိမ်ကြိမ်အခါခါရှုံးလည်းးးးးးးး
ကျမ ယုံကြည်တဲ့အရာတစ်ခုကို
တစ်ကြိမ်သာ ပိုင်ဆိုင်ခွင့်ပေးးးးးးးး
နောက်တစ်ခါ ဘယ်တော့မှ
ဆုတွေ ထပ်မတောင်းးးးးဘူးးးး
ကတိ
ကတိ

Wednesday, February 24, 2016

နှလုံးသားမှာအမာရွတ်ရှိတိုင်း

နှလုံးသားမှာအမာရွတ်ရှိတိုင်း
အတွေ့အကြုံရှိတယ်မထင်ကြပါနဲ့
အမာရွတ်ဆိုတာ
အတွေ့အကြုံမရှိတဲ့ နုံချာသူအဖြစ်
သတ်မှတ်ခံရခြင်းသက်သေပါပဲ့
မထင်မှတ်ပဲ့ အလစ်ခံရတဲ့နှလုံးသားကို
အပြစ်မတင်ချင်ပါနဲ့
မသန့် စင်ရင် ဆေးကြောရသလို
မသန့်စင်တဲ့အချစ်အတွက်
သန့်စင်တဲ့ ငါ့အချစ်နဲ့လျော်ဖွတ်ပီးသားမို့ 
ဒဏ်ရာရ နှလုံးသားတစ်စုံကို
တန်ဖိုးထားမြတ်နိုးပါတယ်ဆို
ကြောက်တတ်နေပါပီရှင်

ရက်စက်သူ

ရက်စက်သူ
မင်းအကြောင်းကို တွေးတော....
ငေးမောလို့ စာရွက်ပေါ်ချရေးမိတဲ့အခါ...
ဒါဟာ ကဗျာတစ်ပုဒ်ဖြစ်ဖြစ်သွားတယ်...။
အိပ်မက်မှာ လွင့်မျော.........
စိတ်တို့ကို အတွေးနယ်ချဲ့မိပြန်တော့.....
ညစဉ် ငါ့မှာ ရင်မောနေရတာ....
ဒါကို ဘယ်သူကရော သိနိုင်မှာလဲကွယ်...။
မလိုချင်ပါဘူး..........
အဆိပ်တက်နေတဲ့ နေ့တွေ........
ရင်မဆိုင်ချင်ဘူး.........
အိပ်ပျက်နေတဲ့ညတွေ............
တိတ်တဆိတ် ငါ့ရင်ခွင်ထဲ
မင်းရောက်လာမဲ့နေ့.........
ရင်ခုန်စွာ မျှော်လင့်မိနေလဲ.........
စိမ်းရက်စက်နိုင်လွန်းတဲ့ မင်းနှလုံးသား...
တခါကလို အေးစက်စက်နိုင်တုန်းပါပဲကွယ်..။

ကောင်မလေး .......

ကောင်မလေး .......
ရင်ခုန်သံတွေ ရပ်လောက်အောင်ကို
လှတဲ့ ကောင်မလေး....
နှုတ်ခမ်းလေး နီထွေးထွေးနဲ့
ချစ်စရာကောင်းတဲ့ ကောင်မလေး.....
ငါ ညည အိပ်ရေးပျက်ရတာလဲ
နင့်ကြောင့်ပါပဲ ကောင်မလေး......
ကောင်မလေးရေ...
နင်မို့လို့ လမ်းလျှောက်သွားရင်
လူတွေအားလုံး ၀ိုင်းငေးကြတယ် ။
လှလွန်းတဲ့ နတ်မိမယ်ရယ်....
ရင်ခုန်သံမြန်နေလို့ ရူးရတော့မယ် ။
အရမ်းကြီး အလှမပြင်ပါနဲ့ ။ (နောက်ပြီး)
အရမ်းကြီးလဲ မလှချင်ပါနဲ့ ။
နတ်သမီးလေး...
နင် ငါကလွဲပြီး ဘယ်သူ့ကိုမှ
မချစ်လိုက်ပါနဲ့  . . . . . .့ 

ည အမှောင်တွေထဲ

ည အမှောင်တွေထဲ
အလင်းရောင် လွမ်းတဲ့
မီးအိမ်လမ်းလေး ဖြစ်ချင်မိတယ်
ည အမှောင်တွေထဲ
မှိတ်တုတ် မှိတ်တုတ် လမ်းပြ မီးအိမ်
ဖြစ်ချင်မိတယ်
ညအမှောင်တွေထဲ
ဘယ်သူမှ မသိလည်း
ငါ့အလင်းရောင်လေး
နင်နားလည်ပေးတဲ့
ညကဗျာ မီးအိမ် ဖြစ်ချင်မိတယ်
ည ည ဆို
ကဗျာတေးဆိုပြီး
မာနမီးအိမ် ငြိမ်းသတ်ပေးတဲ့
သူ့ ရင်ခွင်လေး အမြတ်တနိုးနဲ့
ခိုဝင်နားလှည့် အိပ်စက်ချင်တယ်
အမှောင်ထဲက ငါ့ကဗျာ
မီးအိမ်မှိတ်တုတ် သူမမြင်မှာတော့
စိုးကြောက်မိပြီ်

အမြင်မတူလို့ 

အမြင်မတူလို့ 
လမ်းခွဲတယ်ဆိုရင်တောင်
မာနမထားတတ်တဲ့ရင်ဘတ်ထဲက
အချစ်ကို အားနာသင့်တယ်
မကြင်နာချင်တော့လို့ 
လမ်းခွဲတယ်ဆိုရင်တောင်
ကြင်နာဖူးတဲ့စကားချိုချိုတွေကို
အားနာသင့်တယ်
ထာဝရအတွက် မဟုတ်ရင် ချစ်တယ်ဆိုတဲ့စကား မပြောပါနဲ့တဲ့
အပြောတွေချောနေပေမဲ့
သစ္စာမဲ့တဲ့ လုပ်ရပ်ကြောင့်
သစ္စာမဲ့သူ ငါဖြစ်ရင်တောင်
ငါ့ကိုယ်ငါ ခွင့်မလွှတ်ဘူး
သဘောပေါက်လား
အကြင်နာကိုမက်မောမိလို့ 
ထာဝရအတွက်ဆိုပြီး
ပေးခဲ့ဖူးတဲ့ အချစ်က
နင့်အတွက်မဟုတ်ခဲ့ဘူး
နင်နဲ့မထိုက်တန်ဘူး
ဒါပေမဲ့
ဖြေသာပါတယ်လေ
ငါ့ကို သစ္စာမဲ့တာ မှမဟုတ်ဘဲ
အခြားတစ်ယောက်ကို
သစ္စာရှိသွားတာပဲ့လေ

သူများတွေမောင်နေကြတော့

သူများတွေမောင်နေကြတော့
ကိုယ်လည်း မောင် ကြည့်အုန်းမှပဲ့
. . . . . .
ကျ မ ဒေါ သ ဖြစ် ရင်
ခြေ ဖျား လက် ဖျား တွေ အ ထိ
ထုံ ကျင် ပီး နှ လုံး တွေ ပါ အောင့် တတ် တယ် မောင်
. . . . . .

မျှော်လင့်ခြင်း

မျှော်လင့်ခြင်း
မျှော်လင့်ခြင်းမရှိတဲ့ ငါ့ကမ္ဘာမှာ
နင့်အတွက် မျှော်လင့်ခြင်းကြယ်
လင်းလက်ခွင့်မရှိလို့ ပါ
ခံစားချက်
ခံစားချက်ကိုသာ စာဖွဲ့ပေမဲ့
နင့်အတွက် ကဗျာ
ငါ့မှာ ရေးခွင့်မရှိလို့ ပါ
ဥပေက္ခာ
ဥပေက္ခာ ပြုဖူးသူထံ
နှလုံး ဝပ်ဆင်း ခစား ချင်လည်း
အရင် ဒဏ်ရာက
ငါ့ကြောင့် အနာစိမ်းဖြစ်မှာစိုးလို့ ပါ
မြတ်နိုးခွင့်
မြတ်နိုးခွင့်ဆိုတာ နူးညံ့တဲ့စာသား
နားထောင်ကောင်းတဲ့စကား
လူတိုင်း လိုချင်တဲ့အရာ
အချစ်
အချစ်ကြောင့် ပူလောင်တတ်ကြတာ
အချစ်ကြောင့် ငိုရတာ
အချစ်ကြောင့် ဝေးကြတာ
များလွန်းလှတဲ့ အချစ်definition တွေကြောင့်
ဘာသာပြန်ဆိုမှုမှားတတ်ကြတယ်
ဝေဖန်မှု အကြံပေးမှု အားပေးမှု ထောက်ခံမှု
ဒါတွေအားလုံး အချစ်ကြောင့်မှားတတ်တယ်
စားမကောင်းတဲ့အသီးက
အာဒံ ဧဝ ခေတ်ကတည်းက ကျန်ခဲ့တဲ့ပန်းသီး
အစားထိုးမရတဲ့ နံရိုးတစ်ချောင်း
အခု အထိပျောက်လို့ ရှာနေတုန်း မှတ်လား
ဆက်ရှာလိုက်ပါအုန်း
နင့်ရဲ့နံရိုးလေးကို ပြန်တွေ့ပါစေလို့ သာ
မက်ခွင့်မရှိတဲ့ အိပ်မက်တွေနဲ့အတူ
ဒီကဗျာလေး
ငါေ ရး ခဲ့ေ ကြာ င်း

အမှောင်ထုရဲ့နှလုံးသား


အမှောင်ထုရဲ့နှလုံးသား
အလင်းလား
အမှောင်လား
ဘာလာလာ အံတု ရင်ဆိုင်
အရည်ပျော်ပေမဲ့
အပြုံးမပျက် အမုန်းမဖက်ဘဲ
အနစ်နာခံ
သူ့ ဘဝကိုစွန့်
လူတွေကို အလင်းပေးရင်း
ကိုယ့်ဘဝကို စွန်ဝံ့သူ
ဖယောင်းတိုင် တဲ့
ဖယောင်း ?
ဟုတ်တယ် ဖယောင်း
လိုသလိုပုံသွင်း
လှည့်စားဝေဖန် အကြံဥာဏ်ကင်းမဲ့
နောက်ဆုံးတော့လည်း
လူသားလက်နဲ့  ဘဝကိုပေးရင်း အရည်ပျော်ပုံကျ
သူ့ နှလုံး လှပေရဲ့

ဒီညလည်း မနေ့ကလိုပဲပေါ့

ဒီညလည်း မနေ့ကလိုပဲပေါ့
အတွေးတစ်ချို့နဲ့ကုန်လွန်ရဦးမယ်
ကြောက်နေမိတယ် တစ်ညတာက
ရှည်လွန်းလှသလို
မနက်ဖြန်ဟာလည်း ဒီလိုနေ့မျိုးပဲ
ထပ်တူညီနေခဲ့ရင့်
ထပ်တူညီနေခဲ့ရင့်
ဒီလို ခြောက်ခြားခံစားနေရတာကို
လုံးဝ မျက်နှာမလှည့်
တကယ်ပဲ့ ရက်စက်တော့မှာလား
မာနဆိုတာလေးကို နည်းနည်းဖြစ်ဖြစ်
တစ်ရစ်လောက်လျှော့ပေးပါလား
ခဏတာလေးဖြစ်ပါစေ
တွေ့ခွင့်ပေးလှည့်ပါလား မိန်းကလေးရယ်