ကျမ စိတ်ပုပ်တယ်လို့ပဲ ဆိုမလားရှင်
သူ့ မွေးနေ့မှာ
သူ့  timeline ပေါ်
birthday wish လုပ်ဖို့ 
တစ်စုံတစ်ယောက်ထက်
ကျမ နောက်ကျသွားတယ်
ကျမ စိတ်ပုပ်တယ်လို့ ပဲဆိုမလားရှင်
သူ့ ရဲ့ account setting ထဲဝင်
Timeline and Tagging မှာ
ရှိသမျှ အကုန်
Only me
လုပ်ခဲ့တယ်
ကျမ စိတ်ပုပ်တယ်နော့်
ဒါ ချစ်လို့ ပါ
ကျမ က လွဲ လို့ 
ဘယ်သူ့ ကိုမှ နံပါတ် ၁ နေရာ
မရ စေချင်ဘူးးးးး
သူနဲ့ပတ်သက်ရင်ပါ
ဒါတောင် Chat box ကနေ
လာသေးတယ်
happy birthday
ပျော်ရွှင်ပါစေ
ဘာ ညာ
ကျမ စိတ်ပုပ်တယ်လို့ ပဲ ဆိုပါစေတော့
ကျမ
ကျမ
ကျမ
သူ့ ကို
Saturday, July 23, 2016
ကျမ စိတ်ပုပ်တယ်လိုပဲ ဆိုပါစေတော့
မွေးနေ့တဲ့ ?
မွေးနေ့တဲ့
လက်ဆောင် တောင်းတယ်
တစ်ဘဝ လုံး မငြူမစူဘဲ
လက်ကို ရဲရဲတွဲ
ရှေ့ဆက်အတူတူလျှောက်လှမ်းဖို့
ငါ့ရဲ့လက်တစ်ဖက်က နင့်အတွက်
မွေးနေ့လက်ဆောင်ပေါ့
ဆင်းရဲတဲ့ဘဝ လူလာဖြစ်ရတာ
ဆင်းရဲပုံများ ပြောကိုမပြောချင်ဘူး
ချစ်သူတောင်းတဲ့မွေးနေ့လက်ဆောင် မပေးနိုင်ဘူး
ဆောရီးးးးးးအချစ်ရယ်
ကိုယ်ပေးနိုင်တဲ့လက်တစ်ဖက်
တွဲရဲရင် တစ်သက်လုံးအတွက် အနားရှိနေပေးမယ် ဆိုတာကလွဲလို့
N-hsu
Thursday, July 21, 2016
တခါတလေ
မိုင်တွေ ခြားနေပါစေ
ယူဇနာ တစ်ရာ မ က ဝေးနေပါစေ
စိတ်ထဲ နှလုံးသားတွေနီးကြတာပဲ
့  တွေ ဝေးနေပါစေ
စိုးရိမ်မှုလေးနဲ့
ဆိုင်ကယ်မောင်းရင် ဂရုစိုက်ပါ ဆိုတာလေးနဲ့တောင်
နှလုံးသားတွေ ပိုပိုနီးလာတယ်
တခါတလေ စိတ်တွေကောက်ပီး
စကားတွေနဲ့ မထိုးနှက်ပဲ
ဖုန်းတွေကိုယ်စီ ပိတ်ကြတတ်သေး
တခါတလေ ကျမစိတ်ကောက်ရင်
မချော့ဘဲ ဟာသတွေနှော စကားဖောင်ဖွဲ့တတ်သေး
တခါတလေ သူစိတ်ကောက်ရင်
ကောက်နေမှန်းမသိ
ကျမဘက်က ပြန်ကောက်တတ်သေး
တခါတလေ မဆီမဆိုင်နဲ့
သူများအကြောင်းပြော
ရန်ဖြစ်တတ်သေး
ငါးမိနစ်
ဆယ်မိနစ်
ဆယ့်ငါးမိနစ် မကြာပါဘူး
ဖုန်းလေး သူ စဆက်
စကားတွေ ပုံမှန်ဖြစ်
ကျမ တို့ ပြန်ပြန်ချစ်ကြတာပဲလေ
ဘာလို့  မိုင်ရာချီ ဝေးလို့ နေသေးတာပါလိမ့်
့
နင်ပျော်ရင်ငါပျော်သလိုဘဲ
ဒီအကြောင်းအရာ တစ်ခု မဟုတ်ပါလို့ 
အဖြေ ပေးရဲ့သားနဲ့
တစ်ဖက်သတ်အမြင်နဲ့
ထားခဲ့မယ်ဆို
နေခဲ့ဖို့ အသင့်ပဲ
ဖြူစင်တဲ့ အချစ်တစ်ခုအတွက်
ငါ့ဘက်က ဆင်ခြေတွေနဲ့
အတွန့်မတက်ချင်ဘူး
ဒါ အမှန်တရားမို့ 
အချိန်က စကားပြောသွားမှာပါ
ငါ့အချစ်တွေကို ငါရည်ရွယ်တဲ့လူကလွဲလို့
ဘယ်သူ့  တစ်ဦးတစ်ယောက်ကိုမှ
ခွဲဝေပေးဖို့ အစီအစဉ်မရှိပါဘူး
နင့်ဘက်ကပဲ ငါ့ကို ခေါက်ထားလိုက်ပါ
နင်ပျော်ရင် ငါ ပျော်သလိုပဲလေ
အချိန်က စကားပြောသွားမှာပါ
မလိုအပ်ရင်
ထားခဲ့လိုက်ပါ
ကြည်ဖြူပါတယ်
နေခဲ့ပါမယ်
လိုအပ်ရင်တော့
ဘဝတစ်ခုလုံးအတွက် အနားနေပေးမယ်
ကျမအချစ်တွေအကြောင်းကို
အချိန်က စကားပြောသွားမှာပါ
ရှင့်ရဲ့ အရာအားလုံးကလည်း ကျမအတွက်ပဲ ဖြစ်ရမယ်
ပထမ တောင်းဆိုပါရစေ
အချစ်တစ်ဝက်မပေးပါနဲ့
ဒုတိယ
အခြားမိန်းကလေးအကြောင်း
စကား စပ်မိတောင် မပြောပါနဲ့
တတိယ
အမြဲတမ်း အလျော့ပေးပီးးး
အမြဲချစ်နေရမယ်
လွမ်းရင်တောင် ကျမထက်ပိုတဲ့အလွမ်းတွေ ဖြစ်ပါစေ
စတုတ္ထ
စိတ်ကောက်ရင်
ချော့ပေတော့
မချော့ရင်တောင်
ဘယ်တော့မှ ဖုန်းးးးကို အရင် မချပါနဲ့
ပဉ္စမ
ဆဌမ
သတ္တမ
အဌမ
. . . .
. . . .
. . . .
ဘာဖြစ်ဖြစ် ကျမ ရဲ့ ဘဝက ရှင့်ရဲ့ဘဝ ဖြစ်ချင်တယ်
ရှင့်ရဲ့ အရာအားလုံးကလည်း
ကျမအတွက်ပဲ ဖြစ်ရမယ်
ခံးချက်ဆိုတာရှိမှ ကဗျာဖွဲ့လို့ လှတာ
ခံးချက်ဆိုတာရှိမှ
ကဗျာဖွဲ့လို့ လှတာ
ဒီရင်ထဲ ခံစားရခက်တာတွေက
ကိုယ့်အမှားတွေချည်းလားးးး
သူများတွေပြောနေကြသလို
ကိုယ့်ခြံကို ကိုယ်လုံအောင်ခတ်ဖို့
စိတ်ကူးတဲ့
ဒါမဲ့
ကျမ စိတ်မပူဘူး
ခြံလည်း မခတ်ဘူး
ကြိုးလည်းမဆွဲဘူး
ကျမ အချစ်နဲ့ သူ့ အချစ်
ထပ်တူကျ ပီးသားလို့ 
ယုံကြည်မှုတစ်ခုနဲ့တည်ဆောက်ခဲ့တဲ့
အချစ်အိမ်လေးးး
သူ ပျက်စီးစေချင်မှတော့
ကျမ ဘယ်တော့မှ မတားဘူး
တကယ်တော့ ဖမ်းဆုပ်ခွင့် ပိုလိုချင်မှ
ပိုပြီးစွန့်လွှတ်ရတတ်တာ
ကျမ သိနေပီလေ
ခြံခတ်တယ် ကြိုးဆွဲတယ် ဆိုတာ
လူလို နားမလည်တဲ့ သူတွေကို ဆိုလိုတာ
ကျမ ချစ်သူကို
ရွေးချယ်မိတဲ့ ကာလ မှ စပြီးးးးး
ဆိုးတူ ကောင်းဖက်
အေးတူ ပူမျှ
အတူတကွ ရင်ဆိုင်ဖို့ 
အနာဂတ်ခြေလှမ်းတွေအတွက်
ပြင်ဆင်ထားပီးသားးးး
ကျမ အချစ်တွေ
စစ်မှန်လွန်းရင်
ရှင့်အချစ်တွေ
စစ်မှန်လွန်းစေချင်မိတယ်
ဒါဆို ကြားစကားးးး
ဘာလို့ ယုံနေအုန်းမလဲရှင်
ကျမ သူ့ ကို အရမ်းးးးးးးးးးး
ချစ်တယ်
Monday, July 11, 2016
Online Problem
ချစ်သူသိစေဖို့
Online Problem
- အကောင့်မှာ မီးစိမ်းလေးလင်းနေတိုင်း
Chat နေတာမှ မဟုတ်တာ
- ငါအရမ်း...crazy ဖြစ်ရတဲ့
COC ရဲ့ တိုက်ခိုက်မှုမှာ
နှစ်မြောနေမိလို့ပါ...
- စိတ်ချပါ...ချစ်သူ
စာလုံးပေါင်း မြောက်မြားစွာကို
လက်ချောင်းလေးတွေအသုံးချပီးမှ
ရလာတဲ့ အီစီကလီဆိုတဲ့ ခံစားမှုမျိုးကို
ငါမနှစ်သက်ပါဘူး
- နံပါတ်လေး.11 လုံးကို နှိပ်လိုက်ရုံနဲ့
"ကို" ဆိုတဲ့ သာယာဖွယ်ကောင်းတဲ့
အသံလေးတခုကို ငါပိုင်ဆိုင်ထားပီးပီပဲ
- ဘာမဟုတ်တဲ့ ပြသနာလေးတခုနဲ့
ရန်ခဏခဏ မရှာပါနဲ့လားကွ
- ကိုယ်လေ မင်းကိုလည်း
မလွမ်းဘဲ မနေနိုင်ဘူး
- COC ကိုလည်း
မတိုက်ဘဲ မနေနိုင်ဘူး
Posted via Blogaway
ကျန်တဲ့ ၉၉၉ လှမ်း
ခြေလှမ်း တစ်ထောင်ပဲရှိပါစေအုန်း
နင့်ဘက်က တစ်လှမ်းပဲ စလှမ်းလိုက်ပါ
ကျန်တဲ့ ၉၉၉ လှမ်း
ငါ ----ို့ နောက်လိုက်ခဲ့မယ်ပြောတာ
ကျုပ်ချစ်သူက ကောင်းချီးပေးတယ်
အမယ်လေးးးးးတဲ့
ဖီလင်ကတော့ ကောက်တာပေါ့နော့်
ဒါမဲ့
ချက်ချင်း စာပြန် လာတယ်
စတာပါ စတာပါ တဲ့
အကောက်ပြန်ပြေ ဂွတ်နိုက် လုပ်ကြ
အိပ်ပီ
ဒီနေ့  မိုးရွာပေမဲ့
အချစ်တွေ နေသာတယ် ရှင့်
အရမ်းဘဲချစ်နေပီ
အရမ်းပဲ ချစ်နေပီ
သေချာတာက မပြောရဲဘူးကွယ်
မင်းလေးးးရဲ့ဆုံးဖြတ်ချက်ဟာ
ငါ့ ဘဝမှာ အရေးကြီးဆုံးပါကွယ်
ခြေလှမ်း တစ်ထောင် ဆိုပါစို့ 
မင်းဘက်က ခြေတစ်လှမ်းသာ
လှမ်းခဲ့လိုက်ပါ
ငါ့ ဘက်က ကိုးရာကိုးဆယ့်ကိုးလှမ်းးးး
လှမ်းဖို့  ပြင်ဆင်ထားပီးးးးသားးးးးး
သိပ်ချစ်လွန်းလို့  ---ို့ နောက်လိုက်ခဲ့မယ်
Thursday, July 7, 2016
ဒါဟာ အချစ်လားကွယ်
ကျမပျော်နေရင်
ရင်ဘတ်ထဲ
ခံစားချက်တွေ လှပတယ်
ဖွဲ့စရာစကားမရှိလောက်အောင်
ကမ္ဘ္ဘာကအရာရာ လှပနေတယ်
ကျမလွမ်းနေရင်
မိုးကြီးလွန်းသလို
မှောင်မဲလွန်းနေပြန်တယ်
အတိုင်းအဆမရှိလောက်အောင်
ပူဆွေးရလွန်းတော့
မျက်ရည်တွေကို
မိုးအဖြစ်နဲ့ရွာစေခဲ့မိတယ်
ကျမစိတ်ကောက်နေရင်
အရာရာ စိတ်တိုင်းမကျသလို
မြင်သမျှလည်း ဘု ဘောက်
ထင်သမျှ လည်း ဘု ဘောက်
လုပ်သမျှ လည်းးးးးးးးး ဘု ဘောက်
ကျမ စိတ်တိုနေရင်တော့
ချက်ခြင်း ချော့ပါ
အတိုင်းအဆမရှိတဲ့
စိတ်ကောက်မှုတွေများလာပီး
နှစ်ကိုယ်တူ ဘဝလေးးးးးး
မိုးမဲမှောင်သွားမှာ
ကမ္ဘာကြီး မလှတော့မှာ
ကျမ စိတ်ပူမိတယ်
ဒါ ဟာ
အချစ်လားးးးးးကွယ်
Tuesday, July 5, 2016
ငါ့အချစ်တွေငါ ယုံကြည်မိလို့
မေတ္တာကို လိုချင်တယ်
ဒါပေမဲ့
ကျမအချစ်တွေကိုတော့
ဥပက္ခာနဲ့မလဲနိုင်ပါဘူး
ချစ်တာကိုလိုချင်တယ်
ဒါပေမဲ့
ကျမအချစ်တွေကိုတော့
ထိုးနှက်မှုတွေနဲ့ မကစားစေချင်ဘူး
ချစ်သူရဲ့ ဥပက္ခာဟာ
တမာလိုခါးပေမဲ့လည်း
မျိုချပြုံးပြတတ်နေပီမို့ 
ချိုမြိန်နေတာ သူသိသင့်ပါတယ်
ဥပက္ခာနဲ့မလဲနိုင်တဲ့မေတ္တာကို
တမာတွေချို မိုးတွေပြိုတဲ့နေ့ရောက်အထိ
ကျမအချစ်ကို သူသိလာမယ်ဆို
စောင့်နေပါ့မယ် ချစ်သူ
ဖြေရှင်းချက်တွေ ပေးစရာမရှိပါဘူး
ငါ့အချစ်တွေ ငါယုံကြည်မိလို့
ု
Monday, July 4, 2016
နင်အဆင်ပြေရင် ငါကျေနပ်ရမှာပေါ့
စကားတွေနဲ့
ပြေမထွက်ခဲ့တာတွေကြောင့်
ရင်ဘတ်တွေဆို့နစ်ခဲ့ရတယ်
အမူအယာနဲ့
ဖော်ပြခွင့်မရှိတာကြောင့်
နှလုံးသားတွေနာကျင်ရတယ်
အတီအတာစကားတွေနဲ့
ပလီပလာ မလုပ်တတ်တာကြောင့်
မချစ်ဘူးလို့ အထင် နင် လက်ခံရင်
မရှင်းပြတတ်တဲ့ ငါ့ ဗီဇကြောင့်
အထင်တွေအလွဲဖြစ်
ရင်တွေကွဲအက်နေရတာ
သူ မသိလည်းးးးးး ဖြစ်ပါတယ်
နင် အဆင်ပြေရင် ငါကျေနပ်ရမှာပေါ့
မှန်ကန်သော နှလုံးသားစကား
ခံစားချက်က ဘယ်တော့မှနောက်မဆုတ်နိုင်ဘူး
သူ့ လိုအပ်ချက် အမှန်တရားက
မေတ္တာတရားမို့ 
ငါ့အချစ်တွေနဲ့ အမိုးအကာ လုပ်ပေးပါရစေလို့ 
ဒါ ရင်ထဲကလာတဲ့ မှန်ကန်သော နှလုံးသားစကား
Friday, July 1, 2016
Unfri လုပ်တာကလွဲရင် . . .
ကိုယ်ခံစားချက် တစ်ခုတည်းနဲ့
လူတစ်ယောက်ကို
ကျမ ဘယ်တော့မှ
အပြစ်မမြင်တတ်ဘူး
အားနာတတ်လွန်းလို့
ဆုံးရှုံးခဲ့ရတာများပီပဲ
ဆက်ပီးးးးမခံစားနိုင်လို့သာ
unfriend လုပ်လိုက်တာ နေမှာပါ လို့ သာ
ဖြည့်တွေးရင်းးးး
နင်လည်းးးးးးးနင့်အိမ်ပြန်သင့်ပီ
နင်လည်းးးးးးး နင့်ဘဝထဲ နေသားကျနေမှာပါ
ငါလည်းးးးးးးငါနဲ့သင့်တော်တဲ့ဘဝတစ်ခုမှာ
ရှိနေမှာပါ
သတိရ ရင်တော့
ငါ့ wall ဝင်ကြည့်လေ
ငါ့ချစ်သူအတွက်ရေးတဲ့ကဗျာပဲရှိတယ်
ငါ့ရင်ထဲဒနင်က အဖြူထည်လေးပါ
ဖြူစင်လွန်းပါတယ်
ငါ့ကို unfri လုပ်တာကလွဲရင်ပေါ့နော်

