အမှောင်ထုရဲ့နှလုံးသား
အလင်းလား
အမှောင်လား
ဘာလာလာ အံတု ရင်ဆိုင်
အရည်ပျော်ပေမဲ့
အပြုံးမပျက် အမုန်းမဖက်ဘဲ
အနစ်နာခံ
သူ့ ဘဝကိုစွန့်
လူတွေကို အလင်းပေးရင်း
ကိုယ့်ဘဝကို စွန်ဝံ့သူ
ဖယောင်းတိုင် တဲ့
ဖယောင်း ?
ဟုတ်တယ် ဖယောင်း
လိုသလိုပုံသွင်း
လှည့်စားဝေဖန် အကြံဥာဏ်ကင်းမဲ့
နောက်ဆုံးတော့လည်း
လူသားလက်နဲ့  ဘဝကိုပေးရင်း အရည်ပျော်ပုံကျ
သူ့ နှလုံး လှပေရဲ့
No comments:
Post a Comment