Wednesday, February 24, 2016

နှလုံးသားမှာအမာရွတ်ရှိတိုင်း

နှလုံးသားမှာအမာရွတ်ရှိတိုင်း
အတွေ့အကြုံရှိတယ်မထင်ကြပါနဲ့
အမာရွတ်ဆိုတာ
အတွေ့အကြုံမရှိတဲ့ နုံချာသူအဖြစ်
သတ်မှတ်ခံရခြင်းသက်သေပါပဲ့
မထင်မှတ်ပဲ့ အလစ်ခံရတဲ့နှလုံးသားကို
အပြစ်မတင်ချင်ပါနဲ့
မသန့် စင်ရင် ဆေးကြောရသလို
မသန့်စင်တဲ့အချစ်အတွက်
သန့်စင်တဲ့ ငါ့အချစ်နဲ့လျော်ဖွတ်ပီးသားမို့ 
ဒဏ်ရာရ နှလုံးသားတစ်စုံကို
တန်ဖိုးထားမြတ်နိုးပါတယ်ဆို
ကြောက်တတ်နေပါပီရှင်

ရက်စက်သူ

ရက်စက်သူ
မင်းအကြောင်းကို တွေးတော....
ငေးမောလို့ စာရွက်ပေါ်ချရေးမိတဲ့အခါ...
ဒါဟာ ကဗျာတစ်ပုဒ်ဖြစ်ဖြစ်သွားတယ်...။
အိပ်မက်မှာ လွင့်မျော.........
စိတ်တို့ကို အတွေးနယ်ချဲ့မိပြန်တော့.....
ညစဉ် ငါ့မှာ ရင်မောနေရတာ....
ဒါကို ဘယ်သူကရော သိနိုင်မှာလဲကွယ်...။
မလိုချင်ပါဘူး..........
အဆိပ်တက်နေတဲ့ နေ့တွေ........
ရင်မဆိုင်ချင်ဘူး.........
အိပ်ပျက်နေတဲ့ညတွေ............
တိတ်တဆိတ် ငါ့ရင်ခွင်ထဲ
မင်းရောက်လာမဲ့နေ့.........
ရင်ခုန်စွာ မျှော်လင့်မိနေလဲ.........
စိမ်းရက်စက်နိုင်လွန်းတဲ့ မင်းနှလုံးသား...
တခါကလို အေးစက်စက်နိုင်တုန်းပါပဲကွယ်..။

ကောင်မလေး .......

ကောင်မလေး .......
ရင်ခုန်သံတွေ ရပ်လောက်အောင်ကို
လှတဲ့ ကောင်မလေး....
နှုတ်ခမ်းလေး နီထွေးထွေးနဲ့
ချစ်စရာကောင်းတဲ့ ကောင်မလေး.....
ငါ ညည အိပ်ရေးပျက်ရတာလဲ
နင့်ကြောင့်ပါပဲ ကောင်မလေး......
ကောင်မလေးရေ...
နင်မို့လို့ လမ်းလျှောက်သွားရင်
လူတွေအားလုံး ၀ိုင်းငေးကြတယ် ။
လှလွန်းတဲ့ နတ်မိမယ်ရယ်....
ရင်ခုန်သံမြန်နေလို့ ရူးရတော့မယ် ။
အရမ်းကြီး အလှမပြင်ပါနဲ့ ။ (နောက်ပြီး)
အရမ်းကြီးလဲ မလှချင်ပါနဲ့ ။
နတ်သမီးလေး...
နင် ငါကလွဲပြီး ဘယ်သူ့ကိုမှ
မချစ်လိုက်ပါနဲ့  . . . . . .့ 

ည အမှောင်တွေထဲ

ည အမှောင်တွေထဲ
အလင်းရောင် လွမ်းတဲ့
မီးအိမ်လမ်းလေး ဖြစ်ချင်မိတယ်
ည အမှောင်တွေထဲ
မှိတ်တုတ် မှိတ်တုတ် လမ်းပြ မီးအိမ်
ဖြစ်ချင်မိတယ်
ညအမှောင်တွေထဲ
ဘယ်သူမှ မသိလည်း
ငါ့အလင်းရောင်လေး
နင်နားလည်ပေးတဲ့
ညကဗျာ မီးအိမ် ဖြစ်ချင်မိတယ်
ည ည ဆို
ကဗျာတေးဆိုပြီး
မာနမီးအိမ် ငြိမ်းသတ်ပေးတဲ့
သူ့ ရင်ခွင်လေး အမြတ်တနိုးနဲ့
ခိုဝင်နားလှည့် အိပ်စက်ချင်တယ်
အမှောင်ထဲက ငါ့ကဗျာ
မီးအိမ်မှိတ်တုတ် သူမမြင်မှာတော့
စိုးကြောက်မိပြီ်

အမြင်မတူလို့ 

အမြင်မတူလို့ 
လမ်းခွဲတယ်ဆိုရင်တောင်
မာနမထားတတ်တဲ့ရင်ဘတ်ထဲက
အချစ်ကို အားနာသင့်တယ်
မကြင်နာချင်တော့လို့ 
လမ်းခွဲတယ်ဆိုရင်တောင်
ကြင်နာဖူးတဲ့စကားချိုချိုတွေကို
အားနာသင့်တယ်
ထာဝရအတွက် မဟုတ်ရင် ချစ်တယ်ဆိုတဲ့စကား မပြောပါနဲ့တဲ့
အပြောတွေချောနေပေမဲ့
သစ္စာမဲ့တဲ့ လုပ်ရပ်ကြောင့်
သစ္စာမဲ့သူ ငါဖြစ်ရင်တောင်
ငါ့ကိုယ်ငါ ခွင့်မလွှတ်ဘူး
သဘောပေါက်လား
အကြင်နာကိုမက်မောမိလို့ 
ထာဝရအတွက်ဆိုပြီး
ပေးခဲ့ဖူးတဲ့ အချစ်က
နင့်အတွက်မဟုတ်ခဲ့ဘူး
နင်နဲ့မထိုက်တန်ဘူး
ဒါပေမဲ့
ဖြေသာပါတယ်လေ
ငါ့ကို သစ္စာမဲ့တာ မှမဟုတ်ဘဲ
အခြားတစ်ယောက်ကို
သစ္စာရှိသွားတာပဲ့လေ

သူများတွေမောင်နေကြတော့

သူများတွေမောင်နေကြတော့
ကိုယ်လည်း မောင် ကြည့်အုန်းမှပဲ့
. . . . . .
ကျ မ ဒေါ သ ဖြစ် ရင်
ခြေ ဖျား လက် ဖျား တွေ အ ထိ
ထုံ ကျင် ပီး နှ လုံး တွေ ပါ အောင့် တတ် တယ် မောင်
. . . . . .

မျှော်လင့်ခြင်း

မျှော်လင့်ခြင်း
မျှော်လင့်ခြင်းမရှိတဲ့ ငါ့ကမ္ဘာမှာ
နင့်အတွက် မျှော်လင့်ခြင်းကြယ်
လင်းလက်ခွင့်မရှိလို့ ပါ
ခံစားချက်
ခံစားချက်ကိုသာ စာဖွဲ့ပေမဲ့
နင့်အတွက် ကဗျာ
ငါ့မှာ ရေးခွင့်မရှိလို့ ပါ
ဥပေက္ခာ
ဥပေက္ခာ ပြုဖူးသူထံ
နှလုံး ဝပ်ဆင်း ခစား ချင်လည်း
အရင် ဒဏ်ရာက
ငါ့ကြောင့် အနာစိမ်းဖြစ်မှာစိုးလို့ ပါ
မြတ်နိုးခွင့်
မြတ်နိုးခွင့်ဆိုတာ နူးညံ့တဲ့စာသား
နားထောင်ကောင်းတဲ့စကား
လူတိုင်း လိုချင်တဲ့အရာ
အချစ်
အချစ်ကြောင့် ပူလောင်တတ်ကြတာ
အချစ်ကြောင့် ငိုရတာ
အချစ်ကြောင့် ဝေးကြတာ
များလွန်းလှတဲ့ အချစ်definition တွေကြောင့်
ဘာသာပြန်ဆိုမှုမှားတတ်ကြတယ်
ဝေဖန်မှု အကြံပေးမှု အားပေးမှု ထောက်ခံမှု
ဒါတွေအားလုံး အချစ်ကြောင့်မှားတတ်တယ်
စားမကောင်းတဲ့အသီးက
အာဒံ ဧဝ ခေတ်ကတည်းက ကျန်ခဲ့တဲ့ပန်းသီး
အစားထိုးမရတဲ့ နံရိုးတစ်ချောင်း
အခု အထိပျောက်လို့ ရှာနေတုန်း မှတ်လား
ဆက်ရှာလိုက်ပါအုန်း
နင့်ရဲ့နံရိုးလေးကို ပြန်တွေ့ပါစေလို့ သာ
မက်ခွင့်မရှိတဲ့ အိပ်မက်တွေနဲ့အတူ
ဒီကဗျာလေး
ငါေ ရး ခဲ့ေ ကြာ င်း

အမှောင်ထုရဲ့နှလုံးသား


အမှောင်ထုရဲ့နှလုံးသား
အလင်းလား
အမှောင်လား
ဘာလာလာ အံတု ရင်ဆိုင်
အရည်ပျော်ပေမဲ့
အပြုံးမပျက် အမုန်းမဖက်ဘဲ
အနစ်နာခံ
သူ့ ဘဝကိုစွန့်
လူတွေကို အလင်းပေးရင်း
ကိုယ့်ဘဝကို စွန်ဝံ့သူ
ဖယောင်းတိုင် တဲ့
ဖယောင်း ?
ဟုတ်တယ် ဖယောင်း
လိုသလိုပုံသွင်း
လှည့်စားဝေဖန် အကြံဥာဏ်ကင်းမဲ့
နောက်ဆုံးတော့လည်း
လူသားလက်နဲ့  ဘဝကိုပေးရင်း အရည်ပျော်ပုံကျ
သူ့ နှလုံး လှပေရဲ့

ဒီညလည်း မနေ့ကလိုပဲပေါ့

ဒီညလည်း မနေ့ကလိုပဲပေါ့
အတွေးတစ်ချို့နဲ့ကုန်လွန်ရဦးမယ်
ကြောက်နေမိတယ် တစ်ညတာက
ရှည်လွန်းလှသလို
မနက်ဖြန်ဟာလည်း ဒီလိုနေ့မျိုးပဲ
ထပ်တူညီနေခဲ့ရင့်
ထပ်တူညီနေခဲ့ရင့်
ဒီလို ခြောက်ခြားခံစားနေရတာကို
လုံးဝ မျက်နှာမလှည့်
တကယ်ပဲ့ ရက်စက်တော့မှာလား
မာနဆိုတာလေးကို နည်းနည်းဖြစ်ဖြစ်
တစ်ရစ်လောက်လျှော့ပေးပါလား
ခဏတာလေးဖြစ်ပါစေ
တွေ့ခွင့်ပေးလှည့်ပါလား မိန်းကလေးရယ်