အချစ်လေးမျိုးရှိတယ်တဲ့….
1. Ego Love
2. One-sided Love
3. Blind Love
4. True Love
1. Ego Love
ဒီအမျိုးအစားက တော့ အတ္တဆန်တဲ့အချစ်မျိုးလို့ပြောလို့ရပါတယ်….
အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းလို့ သတ်မှတ်ထားတဲ့သူတွေပေါ့…
ကိုယ်ချစ်တဲ့သူကို…ကိုယ့်ဘေးမှာပဲခေါ်ထားချင်တယ်…မျက်စိအောက်ကအပျောက်မခံချင်ဘူး…
သ၀န်တိုနေတယ်…ချစ်သူကကိုယ့်ကိုပဲ ကရုစိုက်စေချင်တယ်ဆိုရင်….အဲဒါ ego love ဖြစ်နေပါပြီ…
အဲဒီလိုလူတွေက…ချစ်သူကို စိတ်ဆိုးလွယ်တယ်…
သူက ငါ့ကို ငါချစ်သလောက်မချစ်ဘူးဆိုတဲ့အတွေးမျိုး.. ခဏခဏ၀င်တတ်ပါတယ်…
အမှားဆိုရင် သေးသေးလေးတောင် သည်းမခံတတ်ကြပါဘူး….
အချစ်ကြီးပြီး အမျက်ကြီးတယ်ဆိုတဲ့လူစားမျိုးတွေလဲပါတယ်ပေါ့…
2. One-sided Love
ဒီအမျိုးအစားက…ကိုယ်ကပဲချစ်နေချင်တယ်……
အရာရာပေးဆပ်နေချင်တယ်……
အကောင်းဆုံးတွေလုပ်ပေးချင်နေတယ်……
ဒါပေမယ့် တစ်ဖက်လူက,,, ကိုယ်လုပ်ပေးနေတာတွေကို လိုချင်ရဲ့လားဆိုတာ…ဘယ်တော့မှမစဉ်းစားပါဘူး…
အဲဒါကြောင့် တစ်ခါတစ်ခါ…တစ်ဖက်လူက စိတ်ကျဉ်းကျပ်တာတွေ…စိတ်ရှုပ်တာတွေခံစားရတတ်ပါတယ်…
အတွဲတစ်တွဲမှာ တစ်ယောက်က အဲဒီလိုဖြစ်နေပြီဆိုရင်တော့…….
မကြာခင်မှာ ဆက်ဆံရေးက အက်ကြောင်းထင်လာတတ်ပါတယ်…
3. Blind Love
ဒီလိုအချစ်အမျိုးအစားကို…စိတ်ကစားတာလို့လဲခေါ်နိုင်ပါတယ်…
အချစ်မှာမျက်စိမရှိဘူးလို့ပြောနေကြတဲ့သူတွေပေါ့…
အရာရာကို ရင်ဆိုင်ရဲလာမယ်….သူ့အတွက်နဲ့ အရာရာကိုစွန့်လွှတ်ရဲတဲ့စိတ်တွေဝင်လာမယ်…
ဒါဆိုရင် blind love ဖြစ်နေပါပြီ…ဖြစ်သင့်မဖြစ်သင့်…လုပ်သင့်မသင့်တွေလဲမစဉ်းစားမိတော့ဘူးလေ….
ဒါပေမယ့် ဒီလိုအချစ်မျိုးက ကြာကြာမခံပါဘူး….
အချစ်တွေပျောက်သွားတဲ့အချိန်မှ…ကိုယ်လုပ်မိတာတွေအတွက်..နောင်တရနေတတ်ပါတယ်..
4. True love
နောက်ဆုံးအမျိုးအစားပါ….မေတ္တာလို့လဲခေါ်နိုင်တယ်ပေါ့…..အေးချမ်းတဲ့အချစ်လို့ပြောလို့ရပါတယ်…
ပေးဆပ်ခြင်းနဲ့လဲ မကျေကွဲရဘူး….ရယူလိုခြင်းအတွက်လဲ မပူလောင်ရတဲ့အချစ်မျိုးပါ….
ဒီလိုအချစ်မျိုးကတော့….အင်မတန်ရှားပါတယ်…
လူတစ်ယောက်ကို….တစ်ခြားဘာကိုမှမကြည့်ပဲ….သူဖြစ်နေတဲ့အတွက်ချစ်နေတဲ့အချစ်မျိုးပါ….
အသဲကွဲတယ်ဆိုတာလဲမရှိဘူး….
သူနဲ့မပေါင်းရလဲ…ဘာမှမဖြစ်ပဲ…တစ်သက်လုံး…စိတ်ထဲမှာထားပြီး….
ချစ်သွားနိုင်တဲ့အချစ်မျိုးပါ….အဲဒါကြောင့် တစ်ချို့က ၅၂၈ မေတ္တာနဲ့တောင် မှားတတ်ကြပါတယ်….
Monday, February 29, 2016
အချစ် ၄ မျိုးရှိတယ်တဲ့
ချစ်တဲ့မိန်းမ
ချစ်တဲ့မိန်းမ..
တေးစပ်သီကုံး ..Rap ဆိုမုန်းတဲ့ မိန်းမ..
ပိန်ညောင်ရွဲ့စောင်း ..Punk မှကောင်းတယ်ဆိုတဲ့ မိန်းမ..
ငြီးတွား ဆိုငို.. Pop ချိုချိုမှ နားဆင်လိုတဲ့မိန်းမ ..
ပလိစိချောက်ချက်..မျက်တွင်းနက်တဲ့ မိန်းမ..
ပါးစပ်ကရှဲထွက်.. တံတွေးစက်လက်နဲ့ မိန်းမ..
အသားလည်းမည်း ..မျက်ခုံးဆွဲတတ်တဲ့မိန်းမ..
ခေါင်းက ရှုပ်ပွ.. သန်းတရွရွနဲ့  မိန်းမ..
စကားကပ်ဖဲ့ ..နှာသံထွက်တဲ့ မိန်းမ..
ပစ္စည်းဂုဏ်မောက်..နှာရောင်ကောက်တဲ့မိန်းမ..
လူက၀က်ပုတ် ..ခြေသလုံးတုတ်တုတ်နဲ့မိန်းမ..
မျက်ပေါက်ကျဉ်းကျဉ်း ..အမြင်မရှင်းတဲ့ မိန်းမ..
ခြေလက်သသ ..သချီး(သွားဂျေး) ဗရပွနဲ့မိန်းမ
အားနေငိုညဉ်း ..အချစ်ကြီးတတ်တဲ့မိန်းမ..
မျှော်ကာနေတုန်း..ဟိုအရင်အချစ်ဆုံး အကြောင်းပြောတတ်တဲ့ မိန်းမ…
လမ်းဘေးဆိုင်ဆို.. မျက်နှာညို တတ်တဲ့မိန်းမ..
စပ်စပ်ပြဲပြဲ..အလကားရ အကုန်စွဲတတ်တဲ့မိန်းမ..
ကောင်းတာရွေးစား.. ဆင်ခြေများတတ်တဲ့ မိန်းမ..
တညင်းသီးစား ..အီးပေါက်များတဲ့မိန်းမ..
ကြက်သွန်ဖြူကြိုက်..kissing ရိုက်တတ်တဲ့မိန်းမ..
စားသောက်ပြီးနောက်..အဲဗားကောက်တတ်တဲ့မိန်းမ (စိတ်ကိုပြောတာ)
လိုင်းကားမတ်တပ် ..အသက်ရှု ကြပ်တတ်တဲ့မိန်းမ..
ပညာလည်းတတ်… ကုတ်စီးကပ်တဲ့မိန်းမ..
ရူပါဖြောင့်ဖြောင့် ..ငြူဆူဆောင့်အောင့်တတ်တဲ့မိန်းမ..
ကျောမှာတက်တူး..ဘီယာ အသေမူးတဲ့ မိန်းမ..
ချစ်သူရှေ့ထား ..ကိုးရီးယားကားအကြောင်းပြောတတ်တဲ့မိန်းမ..
ရည်းစားမျက်ကွယ်…အညှာလွယ်တတ်တဲ့မိန်းမ..
chatting အမြဲထိုင်.. အီစီကလီပိုင်တဲ့ မိန်းမ..
လူတကာနဲ့ပျော်…ကိုယ်နဲ့ရှော်တတ်တဲ့မိန်းမ…
နေ၀င်မီးပိတ်..ဖုန်းပြောရင်းမှ အိပ်တတ်တဲ့ မိန်းမ..
သမီးကိုပေါင်းသင်း..ယောက္ခမရော်နင်းမယ့်မိန်းမ..
လင်ကိုပစ်ထား..မိဘစကားသာ နားထောင်တတ်တဲ့မိန်းမ..
အိပ်ရင်း သေးပါ… စောင်ကွာပက်လက် လူကိုဖက်တတ်တဲ့မိန်းမ
မသိရင် ငြိမ်ကုပ် ..တနေကုန် အတင်းတုပ်တတ်တဲ့မိန်းမ
အလှပြင်ဆိုင်အား..ရက်စေ့သွားတတ်တဲ့မိန်းမ..
ထမင်းမချက်..နှစ်လုံးတွက်တတ်တဲ့မိန်းမ..
နေ့တိုင်းအားယား..ရှော်ပင်းသွားတတ်တဲ့မိန်းမ..
အမေလည်း မချစ်..ကိုယ်စိတ်ညစ်ရမယ့် မိန်းမ..
အိုမင်းရင့်ရော်… ၃၀ ကျော်တဲ့ မိန်းမ..။ ။
ဖုံးထားလိုက် . . .
ကျုပ်ကိုပြုံးပြနေတဲ့
ခင်ဗျားရဲ့ရင်ထဲကပရိယာယ်တွေကို
ဖုံးထားလိုက်
မင်းနဲ့ငါ နှစ်ယောက်တည်းသိတဲ့
ရွက်ဝါတစ်ခုရဲ့ အနမ်းကို
ဖုံးထားလိုက်
မျက်စိတစ်ဖက်မှိတ်ပြလိုက်တဲ့
အဲဒီလူကြီးရဲ့ပုံပြင်တစ်ပုဒ်ကို
ဖုံးထားလိုက်
မိန်းမသိရင်မဖြစ်ဘူးကွ လို့
ကတုန်ကယင်ပြောပြတဲ့ အချစ်ကို
ဖုံးထားလိုက်
ခင်ဗျားတို့ကို ဘီယာတိုက်ပြီး
နှုတ်ပိတ်လိုက်ရတဲ့ငွေရေးကြေးရေးပြဿနာကို
ဖုံးထားလိုက်
ဒီကဗျာထဲမှာကျန်နေသေးတဲ့
ကာရန်နဘေတစ်ချို့ကိုလည်း
ဖုံး
ထား
လိုက်........။
ခေတ်ကို အနိုင်ယူပါသမီးရေ
တက္ကသိုလ်ကျောင်းသူကြီးဆိုပြီး
ကိုယ့်ကိုယ်ကို အထင်ကြီးလို့ရပါတယ်
ဒါပေမယ့် သမီးရေ......
ကိုယ့်ရဲ့ အနေအထိုင် အပြောအဆိုက
ကိုယ့်ဘဝကို အရောင်ခြယ်တတ်တယ်နော်
အပျော်သဘောတွေများတဲ့ ခေတ်
တစ်ခါသုံးတွေ ပေါတဲ့ခေတ်
ကိုယ့်ကျင့်တရားတွေ မှိုတတ်တဲ့ခေတ်မှာ
ဆင်ခြင်တုံတရားနဲ့ရှင်သန်ပါ သမီးရေ.. .....။
ပညာရှာရမယ့်အချိန်မှာ
ရည်းစားထားတာ အပြစ်မဆိုပါဘူး
ဒါပေမယ့် သမီးရေ.. ..
စိတ်အလိုလိုက်လွန်းလို့ မှားခဲ့မိသူတွေ
အတုယူလွဲခဲ့လို့ အရှက်ရခဲ့သူတွေ
ခေတ်ကိုပုံချပြီး မျက်နှာပျက်ခဲ့သူတွေ
တန်ဖိုးထားအပ်တဲ့အရာဟာဘာလဲ သမီးရေ...။
ကိုယ့်ချစ်သူကို မြတ်နိုးတယ်ဆိုရင်
ကိုယ့်ချစ်သူက ကိုယ့်ကိုတန်ဖိုးထားစေချင်ရင်
မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့သိခဲ့ရင်
ဗုဒ္ဓရဲ့အဆုံးအမကို လိုက်နာသင့်တယ်ထင်ရင်
အချစ်ရဲ့အဓိပ္ပါယ် လှပလိုတယ်ဆိုရင်
လိုက်လျောမှုကို စည်းခြားထားပါသမီးရေ....။
အားလုံးရဲ့မြင်ရာမှာ မေတ္တာထားပါသမီးရေ
ကော်ရစ်တာမှာ အကြည့်ချင်းဆုံ
ရင်ခုန်လိုက်ပါ သမီးရေ
Canteen မှာ လက်ချင်းချိတ် ယုယ
ချစ်သူကို ကဗျာရွတ်ပြလိုက်ပါ
ကော်ဖီဆိုင်မှာ အပြုံးဖလှယ်
သမုဒယတွယ်လိုက်ပါ သမီးရေ
ကျောင်းဝင်းထဲကခရေပင်အောက်မှာစကားပြော
သံယောဇဉ်နှောပါ သမီးရေ..
မသွားသင့်တဲ့နေရာတွေကိုဝေးဝေးရှောင်
ကြင်နာမှုတွေ အမှောင်မကျစေနဲ့ သမီးရေ.. .။
ပညာရှာချိန်မှာ ပညာကို ပထမဦးစားပေးပါ
အနာဂတ်အတွက် smart plan ချမှတ်ပါ
တောင်တန်းပြာမြစ်တစ်စင်းပန်းသင်းသင်းကိုချစ်ပါ
လူအားလုံးအပေါ် အတ္တမဲ့ မေတ္တာထားပါ
လောကအပေါ် positive thinking ရှိပါ
ကျေးဇူးတရားအတွက် ပေးဆပ်ဖို့အသင့်ရှိပါ
ပြောခဲ့တာတွေထဲကတစ်ခုတည်းလိုက်နာပါသမီးရေ
အပေါစားစိတ်ကျေနပ်စရာတွေနဲ့
ဘဝကိုမဖြုန်းတီးပါနဲ့ သမီးရေ.....
ဖေဖေ မေမေတို့ကို လေးစားပါ
တိုင်းပြည်ကအားကိုးရတဲ့လူတစ်ယောက်ဖြစ်ဖို့
စိတ္တ ဥာဏတွေ ခိုင်ခံ့ပါစေ
ဆရာ ဆရာမတွေကို အားနာပါ
မိမိပတ်ဝန်းကျင်ရဲ့ စံနမူနာကောင်းဖြစ်ဖို့အတွက်
ကြိုးစားမှုတွေ ပြက္ခဒိန်ဆက်
မျိုးဆက်သစ်ကို လက်ဆင့်ကမ်းပါ
ကျွန်တော်၏ သင်ကြားဆုံးမမှုများအောက်မှ ကင်းကွာသွားကြသော ချစ်ခင်ရသော တပည့်မိန်းကလေးများ နှင့် ဆယ်ကျော်သက်မြန်မာသမီးငယ်များအား ရည်ညွှန်းပါသည်။
ငှက်ကလေး
ငှက်ကလေး
မင်းလာနားပုံကမယုံနိုင်စရာ
တိုးတိတ်ညင်သာလွန်းရဲ့
ရှုခင်းမဲ့ပြတင်းပေါက်အသေထဲ
မင့်ရဲရင့်ဖျတ်လတ်တောင်ပံခတ်သံနဲ့
အမှန်တွေဟာသက်ဝင်လင်းပြက်လို့
ငှက်ကလေး…
မင်းဟာ ကမ္ဘာဦးဂူနံရံမှာ
ငါရေးခြစ်ခဲ့တဲ့ သိစိတ်မဲ့ပန်းချီကား
အလင်းကန်းနေတဲ့ မျက်လုံးတွေရဲ့တံခါးကို
မင်းရင်ထဲကသီချင်းစာသားနဲ့ ဖွင့်ခဲ့တယ်…
အရှုံးမဟုတ်ဘူး ငှက်ကလေး…
ငြိမ်းချမ်းရေးဆိုတာ
ချစ်ခြင်း မေတ္တာရဲ့ ထိုးမြဲလက်မှတ်ပါ
မင်းပျံသန်းသွားပြီးတဲ့နောက်မှာ
ငါဟာ ငြိမ်းချမ်းစွာချစ်ခဲ့တယ်…
ငါဟာငြိမ်းချမ်းစွာ…
ငါဟာ…
ငှက်ကလေး…
မင်းစတေးခဲ့တဲ့တောင်ပံတွေရဲ့ တံစက်မြိတ်မှာ
ငါ့အမှောင်စိတ်သွေးတိတ်ခဲ့ပေါ့
မရေရာသူတွေရဲ့ စကားမှာတော့
မင်း ပျံသန်းပျောက်ပျက်ခဲ့ပြီတဲ့
ရင်ထဲကိုလာနားတဲ့ ငှက်ဆိုတာ
တစ်သက်လုံးပျောက်ပျက်ဖို့ ပျံသန်းမှာ မဟုတ်ဘူး
ငါ အဲဒီလို ယုံကြည်ဖွဲ့ဆိုခဲ့တယ် ။ ။
လိုချင်တာ တစ်မျိုး
လိုချင်တာတစ်မျိုး
ရတာတစ်မျိုးနဲ့
စိတ်ပျက်မိတဲ့ တခဏတာမှာ
ပတ်ဝန်းကျင်က ပြောကြတာ
ဓမ္မတာ ပါတဲ့
ဓမ္မတာဆိုတာ
လူဖန်တီးတာပါ
ဓမ္မတာဆိုတာ
ဘဝကပြုခဲ့တဲ့ကောင်းမှု မကောင်းမှုပါ
ဓမ္မတာဆိုတာ
ယခုဘဝမှာ အားထုတ်ခြင်း
ကြိုးစားခြင်း ပါပဲ့
အခု ကြိုးစားနေတယ်
ဖြစ်တတ်ပါတယ်ဆိုတဲ့ဓမ္မတာကို
ပြင်ချင်လို့ 