အိပ်မက် ညတွေ
လွန်တဲ့ အခါ
လ သာ ညတွေ
စိုးမိုး ပြန်တယ်
လ သာ ညတွေ
လွန်ပြန်သော်လည်း
အလွမ်းနှိပ်စက်
အိပ်၍ပျော်ဘိ
မပျော်ဘိနှင့်
အလွမ်းတွေလွန်
အလွမ်းနယ်ကျော်ပီး
အိပ်မက်ပြန်လည်
စိုးမိုးလေသော်
အိုးးးးးးးးး
အဘယ်မှာ ငါ့ရဲ့ အိပ်ပျော်သော
ည
့
့
Thursday, March 31, 2016
အိပ်မက်ညတွေ
Tuesday, March 29, 2016
ကျမ ပြုံးရင်သတိထားနော်
ကျမကို
ရင်နာစေခဲ့သူကိုတောင်
ကျမ က ပြန်ပီးရင်မနာစေခဲ့ပါဘူး
ကျမကို
နာကျင်စေခဲ့သူကိုလည်း
ကျမ က ပြန်ပီးမနာကျင်စေခဲ့ပါဘူး
ကျမ ကိုပြုံးစေသူကိုဆို
ပိုပီးတော့ ကျမ ပြုံးစေချင်တာပါ
ရင်ဘတ်တွေရင်းပီး
ရင်ဘတ်တွေအောင့်ကြရတာ
တစ်မျိုးသော နှိပ်စက်ခြင်းပေပဲ့
ကျမ အပေါ်ကောင်းသောသူများကို
ကျမ ကကောင်းပါမည်
ကျမ အပေါ် မကောင်းသောသူများကိုတော့
ဥပက္ခာပြု ပြုံးပြသွားပါမည်
ကျမ ပြုံးရင် သတိတော့ထားစေချင်
လောကကြီး
လောကကြီးမှာလေ
ယာဉ်လမ်းကြောင်း
ပြောင်းပြန်မောင်းပီးလည်းးး
အဆင်ပြေနေကြတယ်
့  ကျတော့
လမ်းစည်းကမ်းလိုက်နာတယ်
ဒါနဲ့တောင်
အမြဲ စိတ်ညစ်စရာကြုံရတယ်
အချို့က
ရင်ထဲကမပါတဲ့အပြုံးတစ်ခု
မျက်နှာပေါ်တင်ပီးးး
နောက်ကွယ်ကနေ မဟုတ်တာလုပ်နေလည်း
လူတွေ လူတွေ
အပြုံးကိုပဲ့မြင်ပြီးးးးးး
ကောက်ချက်ချ စောကြတယ်
့  ကျတော့
စိတ်ထားဖြူအောင် နေတာတောင်မှ
ဘယ်တုန်းကမှ စိတ်ထားလေး လှတယ်မမြင်ကြဘူး
အမြဲတမ်း
တပါးသူအတွက်တွေးပေးတဲ့သူက
အမြဲတမ်းရင်နာရမှာလားးးး
မတန်လိုက်တာ လောကကြီးရာ
Tuesday, March 22, 2016
နှစ်ပတ်လည်
နှစ်ပတ်လည်တစ်ခုကို
ကျော်ဖြတ်ခဲ့တာ
နှစ်တွေအများကြီးးးးး
ကြာခဲ့ပါပီ
အခြေအနေတွေ မပေးတဲ့ ဘဝမှာ
ဘယ်တော့မှ
ပျော်ရွှင်ခြင်းကိုမမျှော်လင့်သလို
ဘယ်တော့မှလည်း
ငိုကြွေးခြင်းကို လူမသိစေချင်ခဲ့ဘူး
မပျော်ရွှင်ခဲ့ရတဲ့ နှစ်ပတ်လည် နေ့ မှစ
နောင် နှစ်တွေအများကြီး
အသက်ရှင်ရရင်လည်း
မပြုံးလိုက်ရတဲ့ပျော်ရွှင်မှုမျိုး
ဘယ်တော့မှ
ဘယ်တော့မှ
ဖြူစင်လွန်းတာ :)
ဖြူစင် လွန်းတာ
မဟုတ်ဘူး
အပြစ်ကင်းအောင် နေတတ်တာ
အပြစ်ကင်းတာလေးးးးးးကို
မြတ်နိုးတာ
တန်ဖိုးထားတာ
ရင်ထဲ ထွင်းဖောက် မြင်နိုင်လွန်းတယ်
အခါ တစ်ရာ မက လို့
အပြစ်ကင်းတဲ့ ချစ်ခြင်းနဲ့
ရင်ဆိုင်တွေ့ရပါစေသားးးးးးးးးးးး
ဖူးစာဖက် ပြန်မဖြစ်ပါရစေနဲ့
အမြင့်ရောက်ဖို့ 
ငါ့ကို နင်းပီးမှသွားရမယ်ဆိုလည်း
အနိမ့်ကျ ဘဝကနေ
အနင်းခံ
အဖြည့်ခံ လူ အဖြစ်
ဝန်မလေးပါဘူး
ဒါမဲ့
အမြင့်ရောက်ရင်
အရင်လို ငါ့ကို
မကြည့်ဘဲနေပေးပါ
အရင်လို ငါ့ကို
ဂရုမစိုက်ပ်ါနဲ့
အရင်လို
အရင်လိုပဲ့
စိမ်းကား ရက်စက်
မာကျော ပြတ်သား
နှိမ်ချ ဖိနှိပ် စွာပဲ့
ဆက်ဆံပေးပါ
ငါ့ကို ကြည့်ပီးသနားလာရင်းကနေ
ချစ်မိသွားမှ
အနင်းခံ ငါက
အမြင့်စံ နင့်ရဲ့
ဖူးစာဖက် ပြန်မဖြစ်ပါရစေနဲ့ လို့ သာ
Friday, March 18, 2016
အထီးကျန်ခြင်း . . .
အထီးကကျန်
လေ က ထန်
လူပါ ညှိုးးးးနွမ်း
မလန်းဆန်း
ညာတာ သနားကာ
အချိန်ကြာများလာတော့
ရင်မှဖြစ်တဲ့မေတ္တာ အတိမ်အနက်
ဖွင့်ဟခွင့် မကြုံလေ အလွမ်းပိုလေဖြစ်
တကယ့်အချစ်စစ်
ကြုံတွေ့ရစေ
နင်လားးးးးးအချစ်စစ်
နားရင်း အုပ်ပစ်မယ်
ငါ့ကို လာပီးတွေ့တာ
အတွေ့နောက်ကျလို့ 
Thursday, March 17, 2016
အိပ်မက်လား တကယ်လား?
အိပ်မက်လား
တကယ်လား
ဝေခွဲမရဖြစ်နေတုန်း
အိပ်မက် ထပ်မက်တယ်
သူ့
ကျနေ့ ကို ပြုံးပြနေတာဗျ
သူ့ 
တစ်ခုခုများဖြစ်နေမလားးးးးရယ်လို့ 
ဖုန်းကိုဖွင့်
မက်ဆေ့စစ်
အော်
သူ ပျော်နေတာပဲ့
သူပျော်ရင်
စာလေးတစ်စောင်မဖတ်ရပေမဲ့လည်းးးးးးး
ရင်ဘတ်ကြီးနဲ့ဝမ်းသာပေးတယ်ဆိုတာ
Wednesday, March 16, 2016
တစ်နေ့ပန်းတိုင် ငါရောက်ခဲ့ရင်
ငါ့ဆီ အရောက်လှမ်းနေတုန်း
လမ်းမှာတွေ့တဲ့ခလုတ်
နင်မရှောင်နိုင်မှတော့
ပန်းတိုင်မှာ ငါရှိနေတာကိုက
အပြစ်ဖြစ်ပီပေါ့
ဘဝတက်လှမ်း
လျှောက်လှမ်းနေတုန်း
လမ်းမှာ နင်တွေ့ခဲ့တာ
အိုင်တွေချည်း ဖြစ်နေမှတော့
ငါ့ဆီ ရောက်တဲ့အခါ
နင့်ခြေထောက်မှာရွှံ့ပေနေတာ
မဆန်းတော့ပါဘူးလေ
အိုင်မှာ ရေတင်မဟုတ်ဖူးရွှံ့ပါရှိနေတာ
နင်မသိတာလား
နင်ညံ့တာလား
နင်နဲ့ငါ့ကြား
ထားရှိခဲ့ဖူးတဲ့
အချစ်လား
သံယောဇဉ်လား
အားနာခြင်းလား
ချည်နှောင်မှုလား
မခိုင်မြဲတဲ့ သစ္စာတရားလား
ဘာလားးးးးတော့မသိဘူး
ပန်းတိုင်မရောက်တဲ့
ယုန်လို လား
ယုတ်ညံ့ချက်ကိုက
သေချာတာတစ်ခုက
ယုန်တိုင်း ပညာရှိမဟုတ်သလို
လိပ်တိုင်းမနှေးကွေးဘူးဆိုတာပဲ့
တနေ့ ပန်းတိုင် ငါရောက်ခဲ့ရင်
ယုန်ဆိုတာ
Tuesday, March 15, 2016
အချစ်ဆိုတာ
အချစ်ဆိုတာကို
တစ်ဖက်သတ်တည်း
ချစ်ခဲ့ဖူးတယ်
အေးမြလွန်းတာက
သူ့ ပုံရိပ်လေး
အဝေးက မြင်တာနဲ့တင်
ရင်ဘတ်ထဲ ပြည့်လျှံတဲ့
အပြုံးချိုချိုတွေ ပိုင်ဆိုင်ဖူးတယ်
အချစ်ဆိုတာကို
နှစ်ဦးနှစ်ဖက် ညှိနှိုင်းဖူးတယ်
သာယာတယ်ထင်ပေမဲ့
ကျန်ခဲ့ရတယ်
အချစ်ဆိုတာကို
ကိုယ့်ကို တစ်ဖက်သတ်ဖြစ်နေတာကြုံရဖူးတယ်
သူနာကျင်နေတယ် ထင်ရပေမဲ့
သူပျော်နေတယ် ထင်ခဲ့ဖူးပြန်တယ်
ပျော်နေတယ်အထင်နဲ့
သူ့  တဒင်္ဂ အပျော်လေး
မပျက်စီးစေချင်လို့ 
တိတ်တိတ်လေး
သက်ပြင်း ချဖူးတယ်
ဟူးးးးးးးး
အခုတော့
ဒါ အချစ်တဲ့လားးးးးးးမေးယူနေရပီ
ပြုံးခဲ့ဖူးတယ်
ကျန်ခဲ့ဖူးတယ်
သက်ပြင်းလေးလည်း ချခဲ့ဖူးပါတယ်
Saturday, March 12, 2016
ကိုယ့်အချိန်ကို တန်ဖိုးထားနော်
ယုံမှတ်ခဲ့လို့ 
ခံစားချက်တွေ
ပုံအပ်ဖူးတယ်
ကဗျာစပ်လို့ 
အချစ်တွေ
အမွှန်းတင်ဖူးတယ်
အပြုံးတစ်ခုဖန်ဆင်းလို့ 
ကျမမျက်နှာမှာ
ပန်းချီငိုတဲ့နေ့ ရှိဖူးတယ်
ကျလာတဲ့တာဝန်
ကျရာနေရာထမ်းဆောင်ဖို့ အတွက်
တောကြားတောင်မရှောင်နေတတ်ဖူးတယ်
အလုပ်တွေများတိုင်း
ဒါ ဘဝလှဖို့  အစ ဆိုပြီးးးး
အချိန်တွေကုန်မှန်းမသိကုန်ခဲ့ဖူးတယ်
ဘယ်သူ ဘာပြောပြော
အဖြူစင်ဆုံး ပြုံးတတ်ဖို့ 
ကျမ အချိန်တွေ ကုန်ဆုံးခဲ့ရတယ်
အရင့်ကျက်ဆုံးနေတတ်ဖို့ 
ကျမ အချိန်တွေမြုပ်နှံခဲ့ရတယ်
တာဝန်တွေ မလစ်ဟင်းစေဖို့ 
ကျမ အချိန်တွေ အထိုင်ကြာခဲ့ရတယ်
အခုအထိ
ကိုယ်ပိုင်တဲ့အချိန်လေး ရှားပါးနေတာ
ကိုယ်မဟုတ်တဲ့အခြားသူအတွက်
အချိန်ပေးခဲ့ရလို့ ပါ
ဒီနေ့ ကစ
ကိုယ့်အချိန်တွေကို တန်ဖိုးထားးးးပြီးးးးးးးးးး
Monday, March 7, 2016
တိတ်တိတ်လေး လမ်းခွဲခဲ့တာ
တိတ်တိတ်လေး လည်း လမ်းခွဲခဲ့တာ ဟုတ်ဖူး
မချစ်ရင် မနေနိုင်တာလည်း ဟုတ်ဖူး
ချစ်နေသေးတာလည်း ဟုတ်ဖူး
နင်မရှိတဲ့ နေရာ ကနေ
တိတ်တိတ်လေးတော့
ပြန်လွမ်းမိတာက
အချိန်တွေ အကုန်မြန်သားပဲ့
အသည်းကွဲသူတွေအတွက်
အသည်းကွဲသူတွေအတွက်
အချစ်က ခါးတယ်တဲ့
သစ္စာ မရှိသူတွေအတွက် အချစ်က
ရင်နင့်စရာ
ချစ်တတ်သူတွေအတွက်က
ဘုရားပေးတဲ့ ဆုလဒ်
အပျိုကြီးတွေ အတွက်က
ပြန်မရနိုင်သော တန်ဖိုးရှိသော
(
မမချန်းသီချင်းထဲကလိုပေါ့လေ)
ဒီလိုနဲ့ပဲ့
ကျမ အသက် ၂၇
ပြန်မရနိုင်ဘူး ထင်နေကြပီလား
ဟားဟား
ဝေးသေး
ဝိုင်းစု လိုပဲ့
ပြောလိုက်မယ်
ခါ ချနေရတယ်
ဖုန်ကလေးတွေအတိုင်းးးးပဲ့
ခါ ချနေရတယ်
Sunday, March 6, 2016
ဝတ်ရည်
ဝတ်ရည်
ဒီလို ချိုမြတဲ့ဝတ်ရည်တွေ
နင် သယ်လာ ကတည်းက
နင့်အချစ်တွေမှာ
အခါးဓာတ်တွေ ပါမှာကြောက်လို့ 
နင့်ကိုယ်နင်
ကာကွယ် ဖို့  မဟုတ်လား
တကယ်ဆို
ငါလည်း ဝတ်ရည်ချိုအစား
အဖန်ရည်ပြောင်းသောက်တော့မယ်
အဖန် အခါးက ဝမ်းထဲရောက်လည်း
ဆေးဖြစ်သေးတယ်
ချိုမြတဲ့ဝတ်ရည်ကတော့
အခန့် မသင့်ရင်
ချောင်းဆိုးနိုင်သေးတယ်
အခု က စပီးးးး
ငါ အချိုမစားတော့ဘူး . . .
အချိန်ကာလ တစ်ခု ကြာမြင့်တဲ့အခါ . . .
အချိန်ကာလ တစ်ခု ကြာမြင့်တဲ့အခါ
ခံစားချက်တွေ လေး လံ လာ တယ်
ကာလတစ်ခုဖြတ်ကျော်ပီးတဲ့အခါ
အချစ်တွေ ယိုင်နဲ့လုလာတယ်
တောင်းဆိုချက်တစ်ခု လိုက်လျောမိတဲ့အခါ
ဘဝဆိုတာ အထီးကျန်လာတယ်
ငါက နွားတွေကို ခြံခတ် မမွေးတော့တာ
နင် သိသင့်တယ်
လောကကြီးက သူများတွေအတွက် ဘယ်လိုလဲတော့
သိဘူး
ငါ့အတွက်တာ့
ကွက်ကျော်ရွေ့တာများနေပီ
ကဗျာတစ်ပုဒ် ဖတ်ရတဲ့အခါ
အရင်လို ရင်မခုန်ရဲတော့တာ
ကာရန်မဲ့ ခံစားချက်တွေ
နင် ငါ့အနား ထားခဲ့လို့ ပါ
Saturday, March 5, 2016
ချစ်သူ
▶ချစ်သူ
••• ♥ •• ♥ •••
နင့်ကို အရမ်းချစ်လို့  စတဲ့ နောက်တဲ့အခါ မငြိုငြင်ပါနဲ့ ဟာ...
နင်စိတ်တိုတာလေးက အရမ်းချစ်ဖို့ ကောင်းလို့ ပါ .. .. ..
▶ချစ်သူ
••• ♥ •• ♥ •••
နင်နေမကောင်းဖြစ်တဲ့အခါ ငါ ဒေါသဖြစ်ပြီး အော်ငေါက်တဲ့ အခါ မငြိုငြင်ပါနဲ့ ဟာ...
နင် နေမကောင်းဖြစ်တဲ့အခါ မတွေ့ ရတဲ့ရက်တွေက ငါ့အတွက်ပူလောင်လို့ ပါ.. .. ..
▶ချစ်သူ
••• ♥ •• ♥ •••
နင် ခဏခဏ စိတ်မကောက်ပါနဲ့ ဟာ ...
နင် စိတ်ကောက်ပြီး မခေါ်မပြောပဲနေတဲ့အခါ ငါအရမ်းဝမ်းနည်းလို့ ပါ.. .. ..
▶ချစ်သူ
••• ♥ •• ♥ •••
Facebook ပေါ်မှာ Photos တွေခဏခဏ မတင်ပါနဲ့ ဟာ...
နင့် ပုံကို ငါမဟုတ်တဲ့အခြားသူတွေက ချစ်ဖို့ ကောင်းတယ်ဘာဘာညာညာပြောရင် ငါမုန်းလို့ ပါ.. ..
▶ချစ်သူ
••• ♥ •• ♥ •••
အွန်လိုင်းမှာ ငါမရှိတဲ့အခါ ဘယ်သူနဲ့ မှမချက်ပါနဲ့ ဟာ...
နင် ငါမဟုတ်တဲ့အခြားသူတွေနဲ့ စကားတွေပြောရင် ငါအရမ်းသဝန်တိုလို့ ပါ...
▶ချစ်သူ
••• ♥ •• ♥ •••
ငါ့အပေါ်မှာ မကျေနပ်ချက်တဲ့ ရှိတဲ့အခါပြောပြပေးပါ ဒီလိုကြီးတော့ပစ်မထားပါနဲ့ ဟာ...
ငါက နင့်အတွက် အကောင်းဆုံးတွေကို ဖြစ်စေချင်လို့ ပါ.. .. ..
▶ချစ်သူ
••• ♥ •• ♥ •••
နင်တွဲထားတဲ့ ငါ့ရဲ့ လက်ကလေး ကို ဘယ်တော့မှ လွှတ်ဖို့ မတောင်းဆိုပါနဲ့ ဟာ...
နင်မရှိရင် မဖြစ်တဲ့ဘဝမှာ ငါမရှင်သန်ချင်လို့ ပါ.. .. ..
နင်ပြောသမျှ ရေစီးကြောင်းကတိစကားလေးတွေက ဘာနဲ့ မှဖြတ်တောက်လို့ မရနိုင်ဘူးလို့ ...
ငါ ဘဝနဲ့ ရင်းပြီး ယုံကြည်ထားရင်း နင့်ရဲ့ ဘေးမှာပဲ နေ့ ရက်တွေကို ကုန်ဆုံးခွင့်ပြုပါ...
ချစ်သူနှစ်ယောက်
ချစ်သူနှစ်ယောက် စိတ်ဆိုး..စိတ်ကောက်ကျတဲ့
အချိန်ဆို ကိုယ်စီ မာနလေးတွေနဲ့ တော့ သူအရင်
ခေါ်မလားဆိုတာလေးကို မျှော်လင်းရင်းစောင့်နေ
တတ်ကျတယ်..........
အရင်ပြန်ခေါ်တဲ့သူက ပိုချစ်တဲ့သူဆို ငါက အမြဲတမ်း
ငါ့ မာနလေးကိုချိုးနှိမ်ပီး နင့်ဆီအရင်ဆက်သွယ်မိတယ်လေ
ငါ နင့်ဆီမဆက်သွယ်မချင်း ငါ့ ကိုပစ်ထားတတ်တာ
ငါ ချစ်သလောက် နင်က မချစ်လို့ ပေါ့နော်............
ငါ မစဉ်းစားချင်ပါဘူး ချစ်သူ နင်က င့ါလောက် ချစ်တာ
မချစ်တာထက် ငါကတော့ နင်နဲ့ ဝေးနေရတဲ့ အချိန်ခဏလေးမှာ
တောင်အရမ်းကို ခံစားရလွန်းလို့ ငါ ဘယ်လိုမှ မနေတတ်ခဲ့ဘူး
ချစ်သူ........... ကျေးဇူးပြုပီး ငါနဲ့ အဝေးဆုံးကို ထွက်ပြေးဖို့ 
တော့ မကြိုးစားလိုက်ပါနဲ့ နော် ချစ်သူ..............
Wednesday, March 2, 2016
ခံစားချက် တစ်ခု
ခံစားချက်တစ်ခု
ချရေးလို့ ရမလား
ကျောခိုင်းမယ်ဆို
အစ ကတည်းက
ငါရှိတဲ့လမ်းကို ခြေမချမိပါစေနဲ့
ငါရှိတဲ့နေရာ
နိမ့်ကျတယ်ဆိုပြီး
ကျောခိုင်းမိပီးမှ
ပြန်တောင် လှည့်မကြည့်မိပါစေနဲ့
ငါ့ပတ်ဝန်းကျင်
ငါ့မိသားစု
ငါ့ဆွေမျိုး
ငါ့
ငါ့
ငါ့ နဲ့ပတ်သက်တဲ့နေရာတွေမှာ
တစ်စက္ကန့် ထက်ပိုမကြာမိပါစေနဲ့
ပြတ်သားတတ်တဲ့ သူတွေကို
နမူနာယူပီးးးးးးးးးးးးးးး
ငါ့ဘဝကို
ပြတ်သားတိကျတဲ့စကားလုံးတွေ
မာကျောတဲ့ အကြည့်တွေ
ခေါင်းမော့နိုင်တဲ့ အပြုံးတွေ နဲ့
ထုဆစ်တော့မယ်
ငါ လျှောက်ရမဲ့ ဘဝလမ်း
ကြမ်းတမ်းနေသလို
တစ်သက်လုံး မနူးညံ့တဲ့ အပြုံးတွေ သိမ်းဆည်းထားတယ်
ဒါ ဘဝ ကပေးတဲ့
ငါ့အတွက် နိယာမ
တချို့လူတွေ . . .
တချို့ လူတွေက ခက်ထန်ချင်ယောင်ဆောင်ပြီ
တကယ်စိတ်ထဲမှာ တခုခုဆို စိတ်အားငယ်တတ်တယ်။ဘယ်သူမှ မသိအောင် ဖုံးကွယ်တတ်ကြတယ် ။
✂ တချို့ လူတွေက လူတစ်ယောက်ကို တကယ်ချစ်နေရက်သားနဲ့ တကယ်မချစ်သလို ဟန်ဆောင်တတ်တယ် ဘယ်သူမှမသိအောင် ဖုံးကွယ်တတ်ကြတယ် ။
✂ တချို့ လူတွေက နှုတ်ခမ်းတွေ ပြုံးနေပေမယ့်
မျက်ဝန်းတွေက မျက်ရည်အငွေ့တွေဖွဲ့နေတာ ဘယ်သူမှမသိအောင် မသိအောင် ဖုံးကွယ်တတ်ကြတယ်။
ချစ်သူ..........
✂ ငါလဲ နင်ကို ချစ်လို့ တခုခုဆို စိတ်အားငယ်တတ်တာ ၊ ဘာမဟုတ်တဲ့ အကြောင်းအရာလေးတွေကြောင့် ငိုတတ်တာ၊ နင်ကို ချစ်တာကို ဟန်မဆောင်တတ်တာတွေကို ဖုံးကွယ်တတ်ခဲ့ရင် အရမ်းကောင်းမယ်။
ငါ့ကို ချစ်တယ် . . .
ငါ့ကို ချစ်တယ် ပြောပီး တစ်ခြားသူတစ်ယောက်ကို
မျှော်လင့်မနေပါနဲ့ လား ချစ်သူ..........
ငါ့ ရင်ခွင်ထဲမှာ ခိုနားပီး တစ်ခြားသူတစ်ယောက်ကို
လွမ်းမနေပါနဲ့ လား ချစ်သူ...........
ငါ့ကို လက်တွဲမယ်ပြောပီး တစ်ခြားသူတစ်ယောက်ကို
အနာဂတ် စိတ်ကူးတွေထဲမှာ ပုံမဖော်ချင်ပါနဲ့ လားချစ်သူ.......
နင့်အချစ်တွေကို ပိုင်ဆိုင်နေရပေမဲ့ ငါ ဘယ်လောက်ထိ
ရင်နာနေမလဲဆိုတာတစ်ခါလောက်စဉ်းစားကြည့်ပေးပါလားချစ်သူရယ်........


