တစ်ရက်
နှစ်ရက်
သုံးရက်
လေးရက်
. . . . . .
. . . . . .
. . . . . .
စာမလာ သတင်းမကြား
. . . . . . .
နေနိုင်လိုက်တာရှင်
ဒီရင်ဘတ်ထဲ
ရင်ခုန်သံစည်းချက်တွေ
အံ့သြမှုတွေနဲ့ပေါင်းစည်းပြီးးးးး
အလွမ်းကို အရှိန်မထိန်းနိုင်တော့ဘူးးး
လွမ်းစိတ်ရယ်ပို စိတ်တွေတိုပြီးး
ဘာလုပ်လုပ် အဓိပ္ပါယ်မရှိတော့သလိုပါပဲ
အမြန်ပြန်လာပါ ချစ်သူရယ်
ရင်ဘတ်ကြီးးကို နောက်တစ်ခါ မငိုစေချင်တော့ဘူး
နွမ်းလျ ဖြေမဆည်
တမ်းတ နေတယ်ဆိုတာ
. . . . . . . . . . .
Wednesday, June 29, 2016
စာမလာသတင်းမကြား
ဝေးကွာရတဲ့အချိန်
ဝေးကွာရတဲ့ အချိန်များလာလေလေ
ဆုံးရှုံးရတော့မလားလို့ 
တွေးပူမိလေလေ
အချစ်က အဆမတန် များပြားနေတယ်ဆိုပါစို့
လက်ခံယူငင်မဲ့သူမရှိဘူး
ဒါဟာ အချစ်လားကွယ်
ပေးတိုင်းပြန်မရတာ အခုဆို တစ်ခုထပ်တိုးနေပီ
အလွမ်းတွေ ပြန်ဆပ်ဖို့
တနေ့ အရောက်လာခဲ့ပါ ချစ်သူရာ
အမြန်ပြန်လာပါ ချစ်သူရယ်
ရာသီရယ်
ကုန်ပါတော့
အလွမ်းတွေလျှံ
မိုးတွေသည်းလွန်း
ချစ်သူ့ စကားတစ်ခွန်း
ကြားချင်မိတယ်
အရမ်းချစ်တယ် ဆိုတာဖြစ်ဖြစ်
သတိရနေတယ်ဆိုတာဖြစ်ဖြစ်
တွေ့ချင်နေပီဆိုတာဖြစ်ဖြစ်
စာမပို့ တာကြာပီ
ကိုယ်ချစ်သလိုများမချစ်လို့ လားဆိုတာမျိုး
ဖုန်းခေါ်ရတာအရမ်းအောက်တာပဲ
ပဲများလွန်းတဲ့ ချစ်သူရေ ဆိုတာမျိုး
ကျောင်းသွားခါနီးးးး
သနပ်ခါးပန်းလေး ပန်ပေးမယ်နော် ဆိုတာမျိုး
miss call တွေတွေ့ရင်
ရင်ထိတ်ပေမဲ့ သတိရလို့ ဆက်ခြင်းဆိုတာ
တွေးမိရင် ပို ပို ပီးချစ်လာရတာပဲ
တကယ်တမ်းတော့
ကိုယ်ခံယူတဲ့ အချစ်က
သူ့ အချစ် ကိုယ့်အချစ် နှစ်ခုကို
ဖြူစင်စွာပေါင်းစပ်နိုင်ဖို့ရယ်
ထာဝရဆိုတဲ့စကားကို သစ္စာနဲ့စောင့်တည်
မေတ္တာတွေထပ်လောင်း
စေတနာနဲ့အရင်းပြုလို့
ဝေဒနာကိုမေ့စေတာမျိုးပါ . . . .
ဘာပြောပြော အရမ်းလွမ်းရင် မျက်ရည်တောင်ဝဲတယ်
ဒါ အဟုတ်ပေမို့ 
အမြန်ပြန်လာပါ ချစ်သူရယ်
အချစ်မရှိ
မရုန်းထွက်နိုင်အောင်
ဖြစ်နေတာ မဟုတ်ဘူး
မရုန်းထွက်ချင်တော့တာ
အချစ်မရှိရင် ဘဝက
ရှင်သန်လို့ ရသေးပေမဲ့
မပြည့်စုံတဲ့ ဝါကျကို
တစ်ယောက်သောသူအတွက် မဖြစ်စေချင်ဘူး
လွမ်းလိုက်တာ
လွမ်းလိုက်တာ
ဘယ်လိုလွမ်းကြောင်းပြောပြချင်တယ်
ဘယ်လိုစွန့်စားထားကြောင်းပြောပြချင်တယ်
ဘယ်လို
ဘယ်လို
ဘယ်လို
ဘယ်လိုမှ မဖြစ်နိုင်သေးပါလားးးးးးနော့
Shift + Del
အချိန်တွေကိုသာ
နောက်ပြန်ဆုတ်လို့ရရင်
မကောင်းခဲ့တဲ့ အတိတ်နေ့စွဲအချို့နဲ့
မမှတ်မိချင်တဲ့ အမည်တွေ
မမှတ်မိချင်တဲ့ ဖုန်းနံပါတ်တွေ
မမှတ်မိချင်တဲ့ ဝမ်းနည်းမှုတွေကို
Shift + Del လုပ်ပစ်ချင်တယ်
လှပတဲ့ Screen ပေါ်မှာ
အသုံးဝင်တဲ့ Software တွေသာရှိစေချင်တော့တယ်
ဘဝဆိုတာ
တခါတလေတော့
မလိုအပ်တာတွေ
Shift + Del လုပ်ပစ်မှ
You are my everything ...
ခြောက်သွေ့လိုက်တာ
လောကကြီးရယ်
အရယ် အပြုံး အလွမ်း အဆွေး ကို
အတွေး အရေး နဲ့ ဘယ်လိုပင်
ဖွဲ့နွဲ့စေကာမူ
တစ်ဦးတစ်ယောက်သော ချစ်သူသာလျှင်
ဘဝကြီးကို စိုပြေစေမှာ အမှန်ပေမို့ 
တမ်းတ လွမ်းရ လို့ 
မောရပေမဲ့လည်း
စိတ်နှလုံးထဲ စွဲမြဲမှတ်သားမိတာက
အချိန်တွေတိုင်း ဖွင့်မပြောဖြစ်ခဲ့ပေမဲ့
သူ့ ရဲ့ လမင်းလေးဖြစ်ချင်တယ်
သူ့ ရဲ့ အလင်းရောင်လေး ဖြစ်ချင်တယ်
သူ့ ရဲ့ အရာရာ ဖြစ်ချင်တယ်
သူကလည်း ကျမရဲ့အရာရာမို့ ပါ
You are my everything . . . . . . .
ငါ့လိုအပ်ချက် :)
ငါ့လိုအပ်ချက်တွေ ရှိလို့ 
နင့်ကို သတိရနေတာမဟုတ်ပါဘူး
နင့်အချစ်ကို ငါ့ယုံကြည်မှုနဲ့
လောင်းကြေးထပ်ချင်မိလို့ ပါ
နင့်အချစ် ပေါ့ပျက်လာရင်
ငါ့ယုံကြည်မှု အားနည်းလာမယ်
ငါ့ယုံကြည်မှုကို အလွဲသုံးစားလုပ်ရင်
နင့်အချစ်ပေါ့ပျက်လို့ ဖြစ်မယ်
ဘယ်တော့ဖြစ်ဖြစ်
ဘာပဲဖြစ်ဖြစ်
ဘဝ က ကြမ်းကြမ်း နုနု
ငါတို့  ဘဝကို
တစ် က စ လို့ 
အချစ်တွေထပ်တူ
ဘဝထပ်တူ နဲ့
အသစ်သစ်သော အချစ် စစ်စစ်တွေ
မျှဝေကြရင်းးးးးးးးး
နှစ်ကိုယ်တူချစ်ခရီးးးးးး
မထောက်မငြီးးးးးးးးး
လျှောက်လှမ်းပါရစေ လို့ 
တခါတလေ
တခါတလေ
မျက်ရည်တောင်ဝဲမိတယ်
ဒီလို အလွမ်းတွေ
ဘယ်လောက်ရှည်အုန်းမလဲ
စဉ်းစားရင် ရင်ဘတ်အောင့်တယ်
အတွေးများရင် အသက်ရှူမဝဘူး
မေ့ထားချင်တယ် တစ်စက္ကန့် လေးတောင်
မေ့မရဘူး
အမြဲတမ်းသာ ဒီလို ဘဝမျိုးဆို
လွမ်းနေရင်းမို့ ဘဝကူးးးကောင်းမယ်မထင်
အခြေအနေတွေရယ် ဘယ်လို ဖြစ်လာအုန်းမလဲ
တာဝန်ဆိုတာကြီးရယ်
အသက်ပေးမှ ကျေပွန်တယ်လို့  ယူဆနေအုန်းမှာလား
စိတ်ဓာတ်တွေ မမာနိုင်တော့ဘူး
နှလုံးသားလည်း မောဟိုက်နေပီ
တစ်ခဏလေးးးးးတောင်မှမေ့မရသူကို
ဘာကြောင့်များးးးဝေးနေသေးတာလဲ
ကံတရားရယ်
ပြန်လာပါတော့
အသက်ရှင်နေတာ လွမ်းဖို့  ဖြစ်နေပီ