Monday, February 29, 2016

ဖုံးထားလိုက်​ . . .

ကျုပ်​ကိုပြုံးပြ​နေတဲ့
ခင်​ဗျားရဲ့ရင်​ထဲကပရိယာယ်​​တွေကို
ဖုံးထားလိုက်

မင်းနဲ့ငါ နှစ်​​​ယောက်​တည်းသိတဲ့
ရွက်​၀ါတစ်​ခုရဲ့ အနမ်းကို
ဖုံးထားလိုက်

မျက်​စိတစ်​ဖက်​မှိတ်​ပြလိုက်​တဲ့
အဲဒီလူကြီးရဲ့ပုံပြင်​တစ်​ပုဒ်​ကို
ဖုံးထားလိုက်

မိန်းမသိရင်​မဖြစ်​ဘူးကွ လို့
ကတုန်​ကယင်​​ပြောပြတဲ့ အချစ်​ကို
ဖုံးထားလိုက်

ခင်​ဗျားတို့ကို ဘီယာတိုက်​ပြီး
နှုတ်​ပိတ်​လိုက်​ရတဲ့ငွေ​​ရေး​ကြေး​ရေးပြဿနာကို
ဖုံးထားလိုက်

ဒီကဗျာထဲမှာကျန်​​နေ​သေးတဲ့
ကာရန်​န​ဘေတစ်​ချို့ကိုလည်း
ဖုံး
ထား
လိုက်​........။


No comments:

Post a Comment