တားဆီးထားတဲ့ သံယောဇဉ်တွေနဲ့
အခု အချိန်မှာ နှစ်ယောက်စလုံး
တမ်းတ သတိရ နေပါသော်လည်း
မြိုသိပ်ကာ ကြိတ်မှိတ်
လွမ်းးးးနေရပါကြောင်းးးး
ခံစားချက်များ ထပ်တူကျ ပီးးးး
အဆုံးးးးးဘဝ တိုင်အောင်
မခွဲသော အချစ်
ဖြူစင်သော မေတ္တာ
တည်မြဲသော သစ္စာ တို့ ဖြင့် တိုးးးးရစ်လို့ ချည်နှောင်
ပေါင်းဖက်ဖို့  ဆုတောင်းးးးးကြရအောင်နော့
အရမ်းးးးးလွမ်းးးးးတယ်
Monday, August 1, 2016
အဆုံးဘ၀တိုင်အောင်
Saturday, July 23, 2016
ကျမ စိတ်ပုပ်တယ်လိုပဲ ဆိုပါစေတော့
ကျမ စိတ်ပုပ်တယ်လို့ပဲ ဆိုမလားရှင်
သူ့ မွေးနေ့မှာ
သူ့  timeline ပေါ်
birthday wish လုပ်ဖို့ 
တစ်စုံတစ်ယောက်ထက်
ကျမ နောက်ကျသွားတယ်
ကျမ စိတ်ပုပ်တယ်လို့ ပဲဆိုမလားရှင်
သူ့ ရဲ့ account setting ထဲဝင်
Timeline and Tagging မှာ
ရှိသမျှ အကုန်
Only me
လုပ်ခဲ့တယ်
ကျမ စိတ်ပုပ်တယ်နော့်
ဒါ ချစ်လို့ ပါ
ကျမ က လွဲ လို့ 
ဘယ်သူ့ ကိုမှ နံပါတ် ၁ နေရာ
မရ စေချင်ဘူးးးးး
သူနဲ့ပတ်သက်ရင်ပါ
ဒါတောင် Chat box ကနေ
လာသေးတယ်
happy birthday
ပျော်ရွှင်ပါစေ
ဘာ ညာ
ကျမ စိတ်ပုပ်တယ်လို့ ပဲ ဆိုပါစေတော့
ကျမ
ကျမ
ကျမ
သူ့ ကို
မွေးနေ့တဲ့ ?
မွေးနေ့တဲ့
လက်ဆောင် တောင်းတယ်
တစ်ဘဝ လုံး မငြူမစူဘဲ
လက်ကို ရဲရဲတွဲ
ရှေ့ဆက်အတူတူလျှောက်လှမ်းဖို့
ငါ့ရဲ့လက်တစ်ဖက်က နင့်အတွက်
မွေးနေ့လက်ဆောင်ပေါ့
ဆင်းရဲတဲ့ဘဝ လူလာဖြစ်ရတာ
ဆင်းရဲပုံများ ပြောကိုမပြောချင်ဘူး
ချစ်သူတောင်းတဲ့မွေးနေ့လက်ဆောင် မပေးနိုင်ဘူး
ဆောရီးးးးးးအချစ်ရယ်
ကိုယ်ပေးနိုင်တဲ့လက်တစ်ဖက်
တွဲရဲရင် တစ်သက်လုံးအတွက် အနားရှိနေပေးမယ် ဆိုတာကလွဲလို့
N-hsu
Thursday, July 21, 2016
တခါတလေ
မိုင်တွေ ခြားနေပါစေ
ယူဇနာ တစ်ရာ မ က ဝေးနေပါစေ
စိတ်ထဲ နှလုံးသားတွေနီးကြတာပဲ
့  တွေ ဝေးနေပါစေ
စိုးရိမ်မှုလေးနဲ့
ဆိုင်ကယ်မောင်းရင် ဂရုစိုက်ပါ ဆိုတာလေးနဲ့တောင်
နှလုံးသားတွေ ပိုပိုနီးလာတယ်
တခါတလေ စိတ်တွေကောက်ပီး
စကားတွေနဲ့ မထိုးနှက်ပဲ
ဖုန်းတွေကိုယ်စီ ပိတ်ကြတတ်သေး
တခါတလေ ကျမစိတ်ကောက်ရင်
မချော့ဘဲ ဟာသတွေနှော စကားဖောင်ဖွဲ့တတ်သေး
တခါတလေ သူစိတ်ကောက်ရင်
ကောက်နေမှန်းမသိ
ကျမဘက်က ပြန်ကောက်တတ်သေး
တခါတလေ မဆီမဆိုင်နဲ့
သူများအကြောင်းပြော
ရန်ဖြစ်တတ်သေး
ငါးမိနစ်
ဆယ်မိနစ်
ဆယ့်ငါးမိနစ် မကြာပါဘူး
ဖုန်းလေး သူ စဆက်
စကားတွေ ပုံမှန်ဖြစ်
ကျမ တို့ ပြန်ပြန်ချစ်ကြတာပဲလေ
ဘာလို့  မိုင်ရာချီ ဝေးလို့ နေသေးတာပါလိမ့်
့
နင်ပျော်ရင်ငါပျော်သလိုဘဲ
ဒီအကြောင်းအရာ တစ်ခု မဟုတ်ပါလို့ 
အဖြေ ပေးရဲ့သားနဲ့
တစ်ဖက်သတ်အမြင်နဲ့
ထားခဲ့မယ်ဆို
နေခဲ့ဖို့ အသင့်ပဲ
ဖြူစင်တဲ့ အချစ်တစ်ခုအတွက်
ငါ့ဘက်က ဆင်ခြေတွေနဲ့
အတွန့်မတက်ချင်ဘူး
ဒါ အမှန်တရားမို့ 
အချိန်က စကားပြောသွားမှာပါ
ငါ့အချစ်တွေကို ငါရည်ရွယ်တဲ့လူကလွဲလို့
ဘယ်သူ့  တစ်ဦးတစ်ယောက်ကိုမှ
ခွဲဝေပေးဖို့ အစီအစဉ်မရှိပါဘူး
နင့်ဘက်ကပဲ ငါ့ကို ခေါက်ထားလိုက်ပါ
နင်ပျော်ရင် ငါ ပျော်သလိုပဲလေ
အချိန်က စကားပြောသွားမှာပါ
မလိုအပ်ရင်
ထားခဲ့လိုက်ပါ
ကြည်ဖြူပါတယ်
နေခဲ့ပါမယ်
လိုအပ်ရင်တော့
ဘဝတစ်ခုလုံးအတွက် အနားနေပေးမယ်
ကျမအချစ်တွေအကြောင်းကို
အချိန်က စကားပြောသွားမှာပါ
ရှင့်ရဲ့ အရာအားလုံးကလည်း ကျမအတွက်ပဲ ဖြစ်ရမယ်
ပထမ တောင်းဆိုပါရစေ
အချစ်တစ်ဝက်မပေးပါနဲ့
ဒုတိယ
အခြားမိန်းကလေးအကြောင်း
စကား စပ်မိတောင် မပြောပါနဲ့
တတိယ
အမြဲတမ်း အလျော့ပေးပီးးး
အမြဲချစ်နေရမယ်
လွမ်းရင်တောင် ကျမထက်ပိုတဲ့အလွမ်းတွေ ဖြစ်ပါစေ
စတုတ္ထ
စိတ်ကောက်ရင်
ချော့ပေတော့
မချော့ရင်တောင်
ဘယ်တော့မှ ဖုန်းးးးကို အရင် မချပါနဲ့
ပဉ္စမ
ဆဌမ
သတ္တမ
အဌမ
. . . .
. . . .
. . . .
ဘာဖြစ်ဖြစ် ကျမ ရဲ့ ဘဝက ရှင့်ရဲ့ဘဝ ဖြစ်ချင်တယ်
ရှင့်ရဲ့ အရာအားလုံးကလည်း
ကျမအတွက်ပဲ ဖြစ်ရမယ်
ခံးချက်ဆိုတာရှိမှ ကဗျာဖွဲ့လို့ လှတာ
ခံးချက်ဆိုတာရှိမှ
ကဗျာဖွဲ့လို့ လှတာ
ဒီရင်ထဲ ခံစားရခက်တာတွေက
ကိုယ့်အမှားတွေချည်းလားးးး
သူများတွေပြောနေကြသလို
ကိုယ့်ခြံကို ကိုယ်လုံအောင်ခတ်ဖို့
စိတ်ကူးတဲ့
ဒါမဲ့
ကျမ စိတ်မပူဘူး
ခြံလည်း မခတ်ဘူး
ကြိုးလည်းမဆွဲဘူး
ကျမ အချစ်နဲ့ သူ့ အချစ်
ထပ်တူကျ ပီးသားလို့ 
ယုံကြည်မှုတစ်ခုနဲ့တည်ဆောက်ခဲ့တဲ့
အချစ်အိမ်လေးးး
သူ ပျက်စီးစေချင်မှတော့
ကျမ ဘယ်တော့မှ မတားဘူး
တကယ်တော့ ဖမ်းဆုပ်ခွင့် ပိုလိုချင်မှ
ပိုပြီးစွန့်လွှတ်ရတတ်တာ
ကျမ သိနေပီလေ
ခြံခတ်တယ် ကြိုးဆွဲတယ် ဆိုတာ
လူလို နားမလည်တဲ့ သူတွေကို ဆိုလိုတာ
ကျမ ချစ်သူကို
ရွေးချယ်မိတဲ့ ကာလ မှ စပြီးးးးး
ဆိုးတူ ကောင်းဖက်
အေးတူ ပူမျှ
အတူတကွ ရင်ဆိုင်ဖို့ 
အနာဂတ်ခြေလှမ်းတွေအတွက်
ပြင်ဆင်ထားပီးသားးးး
ကျမ အချစ်တွေ
စစ်မှန်လွန်းရင်
ရှင့်အချစ်တွေ
စစ်မှန်လွန်းစေချင်မိတယ်
ဒါဆို ကြားစကားးးး
ဘာလို့ ယုံနေအုန်းမလဲရှင်
ကျမ သူ့ ကို အရမ်းးးးးးးးးးး
ချစ်တယ်
Monday, July 11, 2016
Online Problem
ချစ်သူသိစေဖို့
Online Problem
- အကောင့်မှာ မီးစိမ်းလေးလင်းနေတိုင်း
Chat နေတာမှ မဟုတ်တာ
- ငါအရမ်း...crazy ဖြစ်ရတဲ့
COC ရဲ့ တိုက်ခိုက်မှုမှာ
နှစ်မြောနေမိလို့ပါ...
- စိတ်ချပါ...ချစ်သူ
စာလုံးပေါင်း မြောက်မြားစွာကို
လက်ချောင်းလေးတွေအသုံးချပီးမှ
ရလာတဲ့ အီစီကလီဆိုတဲ့ ခံစားမှုမျိုးကို
ငါမနှစ်သက်ပါဘူး
- နံပါတ်လေး.11 လုံးကို နှိပ်လိုက်ရုံနဲ့
"ကို" ဆိုတဲ့ သာယာဖွယ်ကောင်းတဲ့
အသံလေးတခုကို ငါပိုင်ဆိုင်ထားပီးပီပဲ
- ဘာမဟုတ်တဲ့ ပြသနာလေးတခုနဲ့
ရန်ခဏခဏ မရှာပါနဲ့လားကွ
- ကိုယ်လေ မင်းကိုလည်း
မလွမ်းဘဲ မနေနိုင်ဘူး
- COC ကိုလည်း
မတိုက်ဘဲ မနေနိုင်ဘူး
Posted via Blogaway
ကျန်တဲ့ ၉၉၉ လှမ်း
ခြေလှမ်း တစ်ထောင်ပဲရှိပါစေအုန်း
နင့်ဘက်က တစ်လှမ်းပဲ စလှမ်းလိုက်ပါ
ကျန်တဲ့ ၉၉၉ လှမ်း
ငါ ----ို့ နောက်လိုက်ခဲ့မယ်ပြောတာ
ကျုပ်ချစ်သူက ကောင်းချီးပေးတယ်
အမယ်လေးးးးးတဲ့
ဖီလင်ကတော့ ကောက်တာပေါ့နော့်
ဒါမဲ့
ချက်ချင်း စာပြန် လာတယ်
စတာပါ စတာပါ တဲ့
အကောက်ပြန်ပြေ ဂွတ်နိုက် လုပ်ကြ
အိပ်ပီ
ဒီနေ့  မိုးရွာပေမဲ့
အချစ်တွေ နေသာတယ် ရှင့်
အရမ်းဘဲချစ်နေပီ
အရမ်းပဲ ချစ်နေပီ
သေချာတာက မပြောရဲဘူးကွယ်
မင်းလေးးးရဲ့ဆုံးဖြတ်ချက်ဟာ
ငါ့ ဘဝမှာ အရေးကြီးဆုံးပါကွယ်
ခြေလှမ်း တစ်ထောင် ဆိုပါစို့ 
မင်းဘက်က ခြေတစ်လှမ်းသာ
လှမ်းခဲ့လိုက်ပါ
ငါ့ ဘက်က ကိုးရာကိုးဆယ့်ကိုးလှမ်းးးး
လှမ်းဖို့  ပြင်ဆင်ထားပီးးးးသားးးးးး
သိပ်ချစ်လွန်းလို့  ---ို့ နောက်လိုက်ခဲ့မယ်
Thursday, July 7, 2016
ဒါဟာ အချစ်လားကွယ်
ကျမပျော်နေရင်
ရင်ဘတ်ထဲ
ခံစားချက်တွေ လှပတယ်
ဖွဲ့စရာစကားမရှိလောက်အောင်
ကမ္ဘ္ဘာကအရာရာ လှပနေတယ်
ကျမလွမ်းနေရင်
မိုးကြီးလွန်းသလို
မှောင်မဲလွန်းနေပြန်တယ်
အတိုင်းအဆမရှိလောက်အောင်
ပူဆွေးရလွန်းတော့
မျက်ရည်တွေကို
မိုးအဖြစ်နဲ့ရွာစေခဲ့မိတယ်
ကျမစိတ်ကောက်နေရင်
အရာရာ စိတ်တိုင်းမကျသလို
မြင်သမျှလည်း ဘု ဘောက်
ထင်သမျှ လည်း ဘု ဘောက်
လုပ်သမျှ လည်းးးးးးးးး ဘု ဘောက်
ကျမ စိတ်တိုနေရင်တော့
ချက်ခြင်း ချော့ပါ
အတိုင်းအဆမရှိတဲ့
စိတ်ကောက်မှုတွေများလာပီး
နှစ်ကိုယ်တူ ဘဝလေးးးးးး
မိုးမဲမှောင်သွားမှာ
ကမ္ဘာကြီး မလှတော့မှာ
ကျမ စိတ်ပူမိတယ်
ဒါ ဟာ
အချစ်လားးးးးးကွယ်
Tuesday, July 5, 2016
ငါ့အချစ်တွေငါ ယုံကြည်မိလို့
မေတ္တာကို လိုချင်တယ်
ဒါပေမဲ့
ကျမအချစ်တွေကိုတော့
ဥပက္ခာနဲ့မလဲနိုင်ပါဘူး
ချစ်တာကိုလိုချင်တယ်
ဒါပေမဲ့
ကျမအချစ်တွေကိုတော့
ထိုးနှက်မှုတွေနဲ့ မကစားစေချင်ဘူး
ချစ်သူရဲ့ ဥပက္ခာဟာ
တမာလိုခါးပေမဲ့လည်း
မျိုချပြုံးပြတတ်နေပီမို့ 
ချိုမြိန်နေတာ သူသိသင့်ပါတယ်
ဥပက္ခာနဲ့မလဲနိုင်တဲ့မေတ္တာကို
တမာတွေချို မိုးတွေပြိုတဲ့နေ့ရောက်အထိ
ကျမအချစ်ကို သူသိလာမယ်ဆို
စောင့်နေပါ့မယ် ချစ်သူ
ဖြေရှင်းချက်တွေ ပေးစရာမရှိပါဘူး
ငါ့အချစ်တွေ ငါယုံကြည်မိလို့
ု
Monday, July 4, 2016
နင်အဆင်ပြေရင် ငါကျေနပ်ရမှာပေါ့
စကားတွေနဲ့
ပြေမထွက်ခဲ့တာတွေကြောင့်
ရင်ဘတ်တွေဆို့နစ်ခဲ့ရတယ်
အမူအယာနဲ့
ဖော်ပြခွင့်မရှိတာကြောင့်
နှလုံးသားတွေနာကျင်ရတယ်
အတီအတာစကားတွေနဲ့
ပလီပလာ မလုပ်တတ်တာကြောင့်
မချစ်ဘူးလို့ အထင် နင် လက်ခံရင်
မရှင်းပြတတ်တဲ့ ငါ့ ဗီဇကြောင့်
အထင်တွေအလွဲဖြစ်
ရင်တွေကွဲအက်နေရတာ
သူ မသိလည်းးးးးး ဖြစ်ပါတယ်
နင် အဆင်ပြေရင် ငါကျေနပ်ရမှာပေါ့
မှန်ကန်သော နှလုံးသားစကား
ခံစားချက်က ဘယ်တော့မှနောက်မဆုတ်နိုင်ဘူး
သူ့ လိုအပ်ချက် အမှန်တရားက
မေတ္တာတရားမို့ 
ငါ့အချစ်တွေနဲ့ အမိုးအကာ လုပ်ပေးပါရစေလို့ 
ဒါ ရင်ထဲကလာတဲ့ မှန်ကန်သော နှလုံးသားစကား
Friday, July 1, 2016
Unfri လုပ်တာကလွဲရင် . . .
ကိုယ်ခံစားချက် တစ်ခုတည်းနဲ့
လူတစ်ယောက်ကို
ကျမ ဘယ်တော့မှ
အပြစ်မမြင်တတ်ဘူး
အားနာတတ်လွန်းလို့
ဆုံးရှုံးခဲ့ရတာများပီပဲ
ဆက်ပီးးးးမခံစားနိုင်လို့သာ
unfriend လုပ်လိုက်တာ နေမှာပါ လို့ သာ
ဖြည့်တွေးရင်းးးး
နင်လည်းးးးးးးနင့်အိမ်ပြန်သင့်ပီ
နင်လည်းးးးးးး နင့်ဘဝထဲ နေသားကျနေမှာပါ
ငါလည်းးးးးးးငါနဲ့သင့်တော်တဲ့ဘဝတစ်ခုမှာ
ရှိနေမှာပါ
သတိရ ရင်တော့
ငါ့ wall ဝင်ကြည့်လေ
ငါ့ချစ်သူအတွက်ရေးတဲ့ကဗျာပဲရှိတယ်
ငါ့ရင်ထဲဒနင်က အဖြူထည်လေးပါ
ဖြူစင်လွန်းပါတယ်
ငါ့ကို unfri လုပ်တာကလွဲရင်ပေါ့နော်
Wednesday, June 29, 2016
စာမလာသတင်းမကြား
တစ်ရက်
နှစ်ရက်
သုံးရက်
လေးရက်
. . . . . .
. . . . . .
. . . . . .
စာမလာ သတင်းမကြား
. . . . . . .
နေနိုင်လိုက်တာရှင်
ဒီရင်ဘတ်ထဲ
ရင်ခုန်သံစည်းချက်တွေ
အံ့သြမှုတွေနဲ့ပေါင်းစည်းပြီးးးးး
အလွမ်းကို အရှိန်မထိန်းနိုင်တော့ဘူးးး
လွမ်းစိတ်ရယ်ပို စိတ်တွေတိုပြီးး
ဘာလုပ်လုပ် အဓိပ္ပါယ်မရှိတော့သလိုပါပဲ
အမြန်ပြန်လာပါ ချစ်သူရယ်
ရင်ဘတ်ကြီးးကို နောက်တစ်ခါ မငိုစေချင်တော့ဘူး
နွမ်းလျ ဖြေမဆည်
တမ်းတ နေတယ်ဆိုတာ
. . . . . . . . . . .
ဝေးကွာရတဲ့အချိန်
ဝေးကွာရတဲ့ အချိန်များလာလေလေ
ဆုံးရှုံးရတော့မလားလို့ 
တွေးပူမိလေလေ
အချစ်က အဆမတန် များပြားနေတယ်ဆိုပါစို့
လက်ခံယူငင်မဲ့သူမရှိဘူး
ဒါဟာ အချစ်လားကွယ်
ပေးတိုင်းပြန်မရတာ အခုဆို တစ်ခုထပ်တိုးနေပီ
အလွမ်းတွေ ပြန်ဆပ်ဖို့
တနေ့ အရောက်လာခဲ့ပါ ချစ်သူရာ
အမြန်ပြန်လာပါ ချစ်သူရယ်
ရာသီရယ်
ကုန်ပါတော့
အလွမ်းတွေလျှံ
မိုးတွေသည်းလွန်း
ချစ်သူ့ စကားတစ်ခွန်း
ကြားချင်မိတယ်
အရမ်းချစ်တယ် ဆိုတာဖြစ်ဖြစ်
သတိရနေတယ်ဆိုတာဖြစ်ဖြစ်
တွေ့ချင်နေပီဆိုတာဖြစ်ဖြစ်
စာမပို့ တာကြာပီ
ကိုယ်ချစ်သလိုများမချစ်လို့ လားဆိုတာမျိုး
ဖုန်းခေါ်ရတာအရမ်းအောက်တာပဲ
ပဲများလွန်းတဲ့ ချစ်သူရေ ဆိုတာမျိုး
ကျောင်းသွားခါနီးးးး
သနပ်ခါးပန်းလေး ပန်ပေးမယ်နော် ဆိုတာမျိုး
miss call တွေတွေ့ရင်
ရင်ထိတ်ပေမဲ့ သတိရလို့ ဆက်ခြင်းဆိုတာ
တွေးမိရင် ပို ပို ပီးချစ်လာရတာပဲ
တကယ်တမ်းတော့
ကိုယ်ခံယူတဲ့ အချစ်က
သူ့ အချစ် ကိုယ့်အချစ် နှစ်ခုကို
ဖြူစင်စွာပေါင်းစပ်နိုင်ဖို့ရယ်
ထာဝရဆိုတဲ့စကားကို သစ္စာနဲ့စောင့်တည်
မေတ္တာတွေထပ်လောင်း
စေတနာနဲ့အရင်းပြုလို့
ဝေဒနာကိုမေ့စေတာမျိုးပါ . . . .
ဘာပြောပြော အရမ်းလွမ်းရင် မျက်ရည်တောင်ဝဲတယ်
ဒါ အဟုတ်ပေမို့ 
အမြန်ပြန်လာပါ ချစ်သူရယ်
အချစ်မရှိ
မရုန်းထွက်နိုင်အောင်
ဖြစ်နေတာ မဟုတ်ဘူး
မရုန်းထွက်ချင်တော့တာ
အချစ်မရှိရင် ဘဝက
ရှင်သန်လို့ ရသေးပေမဲ့
မပြည့်စုံတဲ့ ဝါကျကို
တစ်ယောက်သောသူအတွက် မဖြစ်စေချင်ဘူး
လွမ်းလိုက်တာ
လွမ်းလိုက်တာ
ဘယ်လိုလွမ်းကြောင်းပြောပြချင်တယ်
ဘယ်လိုစွန့်စားထားကြောင်းပြောပြချင်တယ်
ဘယ်လို
ဘယ်လို
ဘယ်လို
ဘယ်လိုမှ မဖြစ်နိုင်သေးပါလားးးးးးနော့
Shift + Del
အချိန်တွေကိုသာ
နောက်ပြန်ဆုတ်လို့ရရင်
မကောင်းခဲ့တဲ့ အတိတ်နေ့စွဲအချို့နဲ့
မမှတ်မိချင်တဲ့ အမည်တွေ
မမှတ်မိချင်တဲ့ ဖုန်းနံပါတ်တွေ
မမှတ်မိချင်တဲ့ ဝမ်းနည်းမှုတွေကို
Shift + Del လုပ်ပစ်ချင်တယ်
လှပတဲ့ Screen ပေါ်မှာ
အသုံးဝင်တဲ့ Software တွေသာရှိစေချင်တော့တယ်
ဘဝဆိုတာ
တခါတလေတော့
မလိုအပ်တာတွေ
Shift + Del လုပ်ပစ်မှ
You are my everything ...
ခြောက်သွေ့လိုက်တာ
လောကကြီးရယ်
အရယ် အပြုံး အလွမ်း အဆွေး ကို
အတွေး အရေး နဲ့ ဘယ်လိုပင်
ဖွဲ့နွဲ့စေကာမူ
တစ်ဦးတစ်ယောက်သော ချစ်သူသာလျှင်
ဘဝကြီးကို စိုပြေစေမှာ အမှန်ပေမို့ 
တမ်းတ လွမ်းရ လို့ 
မောရပေမဲ့လည်း
စိတ်နှလုံးထဲ စွဲမြဲမှတ်သားမိတာက
အချိန်တွေတိုင်း ဖွင့်မပြောဖြစ်ခဲ့ပေမဲ့
သူ့ ရဲ့ လမင်းလေးဖြစ်ချင်တယ်
သူ့ ရဲ့ အလင်းရောင်လေး ဖြစ်ချင်တယ်
သူ့ ရဲ့ အရာရာ ဖြစ်ချင်တယ်
သူကလည်း ကျမရဲ့အရာရာမို့ ပါ
You are my everything . . . . . . .
ငါ့လိုအပ်ချက် :)
ငါ့လိုအပ်ချက်တွေ ရှိလို့ 
နင့်ကို သတိရနေတာမဟုတ်ပါဘူး
နင့်အချစ်ကို ငါ့ယုံကြည်မှုနဲ့
လောင်းကြေးထပ်ချင်မိလို့ ပါ
နင့်အချစ် ပေါ့ပျက်လာရင်
ငါ့ယုံကြည်မှု အားနည်းလာမယ်
ငါ့ယုံကြည်မှုကို အလွဲသုံးစားလုပ်ရင်
နင့်အချစ်ပေါ့ပျက်လို့ ဖြစ်မယ်
ဘယ်တော့ဖြစ်ဖြစ်
ဘာပဲဖြစ်ဖြစ်
ဘဝ က ကြမ်းကြမ်း နုနု
ငါတို့  ဘဝကို
တစ် က စ လို့ 
အချစ်တွေထပ်တူ
ဘဝထပ်တူ နဲ့
အသစ်သစ်သော အချစ် စစ်စစ်တွေ
မျှဝေကြရင်းးးးးးးးး
နှစ်ကိုယ်တူချစ်ခရီးးးးးး
မထောက်မငြီးးးးးးးးး
လျှောက်လှမ်းပါရစေ လို့ 
တခါတလေ
တခါတလေ
မျက်ရည်တောင်ဝဲမိတယ်
ဒီလို အလွမ်းတွေ
ဘယ်လောက်ရှည်အုန်းမလဲ
စဉ်းစားရင် ရင်ဘတ်အောင့်တယ်
အတွေးများရင် အသက်ရှူမဝဘူး
မေ့ထားချင်တယ် တစ်စက္ကန့် လေးတောင်
မေ့မရဘူး
အမြဲတမ်းသာ ဒီလို ဘဝမျိုးဆို
လွမ်းနေရင်းမို့ ဘဝကူးးးကောင်းမယ်မထင်
အခြေအနေတွေရယ် ဘယ်လို ဖြစ်လာအုန်းမလဲ
တာဝန်ဆိုတာကြီးရယ်
အသက်ပေးမှ ကျေပွန်တယ်လို့  ယူဆနေအုန်းမှာလား
စိတ်ဓာတ်တွေ မမာနိုင်တော့ဘူး
နှလုံးသားလည်း မောဟိုက်နေပီ
တစ်ခဏလေးးးးးတောင်မှမေ့မရသူကို
ဘာကြောင့်များးးးဝေးနေသေးတာလဲ
ကံတရားရယ်
ပြန်လာပါတော့
အသက်ရှင်နေတာ လွမ်းဖို့  ဖြစ်နေပီ
Wednesday, May 4, 2016
အသင့်
နေမဝင်ခင်အထိ ကြိုးစားလို့ ရသေးတာပဲ့
ဘာလို့  မှောင်မှာကြိုကြောက်နေတုန်းးးးးးးးးး
နေအထွက်ရဲ့အာရုဏ်ဦးအလှ
တကယ် ခံစားတတ်ရင်
ညနေ နေဝင်ချိန်လေးလည်းးးးးး
လွမ်းမောဖွယ်လေးပါ
နေအထွက် က ရွှေအပြည့်ပါရင်
နေဝင်ချိန်မှာ
ရွှေတွေသိမ်းဆည်းပီးးးသားးးးးဖြစ်နေရမယ်
Sorry (:)
ဘာလဲ
အချစ်လားးးးးးး?
ဝေးဝေးနေစမ်းပါ
အာရုံတွေနောက်
ရင်ဘတ်တွေအောင့်
မျက်စိတွေညောင်းးးးးးးး
အချိန်တွေကုန်
အလွမ်းတွေတိုးးးးးးးး
တစ်မျိုးပီးတစ်မျိုးးးမရိုးအောင်
ခံစားနေရတာကို
လက်ခံမိနေတာကြီးးးးးးကိုက
မကောင်းတဲ့နိမိတ်
ဆောရီးးးးးး
ဝေးဝေးနေစမ်းးးးပါ
Saturday, April 30, 2016
ထပ်တူမဖြစ်
မဖြစ်နိုင်ဘူးဆိုတာလည်းသိတယ်
ချန်ခဲ့ရမှာလည်းသိတယ်
မဖြူစင်တဲ့အဖြစ်
ဖြူကြောင်းးးးသက်သေရှာဖို့ မလိုတာ
လည်းသိတယ်
ဘယ်လိုမှမဖြစ်နိုင်တဲ့ကြားက
ဖြစ်နိုင်ကြောင်း ထ ထ အော်တာ က
ငါ့ကဗျာ
ဘယ်လိုမှမဖြစ်နိုင်တဲ့ကြားက
ဖြစ်နိုင်ကြောင်သက်သေပြနေတာက
သူ့ ကဗျာ
သူ့ ကဗျာ ငါ့ကဗျာ ထပ်တူကျလည်း
မဖြစ်နိုင်တာရယ် အချိုးကျလေတော့
အချိုးတွေ နဲ့ ထပ်တူကျတာ က ကိုယ့်အချစ်
ပြန်လှည့်ပြန်သွားတာက နင့်အချစ်
အော်
နင့်အချစ် ငါ့အချစ် ဘယ်တော့မှထပ်တူမဖြစ်
Nyein-Hsu
ှ
ရည်းစားစကားပြောနည်း
ပရော်ဖက်ရှင်နယ် ရည်းစား စကား ပြော နည်း ပေါင်းချုပ်
😂😂😂😂
ကဗျာဆရာ
***********
လရဲ့ ရှင်သန်ခြင်းက ည
မောင့် ရဲ့ ရှင်သန်ခြင်းက မ
စပယ်ယာ
*********
ဂိတ်ဆုံးထိ စီးစီး တစ်မှတ်တိုင်ပဲစီးစီး မင်း အတွက်ဆို ကိုယ့်ရင်ခွင်မှာ ထိုင်စရာနေရာ ရှိပြီးသားပါ ။
အလှူ ခံပုဂ္ဂိုလ်
**************
ညောင်စေ့လေးလောက်ပဲ ပြန်ချစ်ပေးရင်ညောင်ပင်ကြီးလောက် မင်းကို ချစ်ပါ့မယ်။
ရုံးစာရေး
**********
၁၄.၂.၂၀၁၆
သောကြာနေ့
အကြောင်းအရာ။ ။ ချစ်ခွင့်ပန်ခြင်း။
အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ ပြန်လည်ပြောကြားပေးစေလိုပါသည်။
မီးသတ်
*********
ရင်ထဲမှာလောင်ကျွမ်းနေတဲ့ အချစ်မီးတွေကို မင်းလေးရဲ့ ဂါလံ၁၅၀၀ ဆန့် အချစ်ခွန်အားတွေနဲ့ ပက်ဖြန်းပေးပါ။
ရဲ
***
မင်းကိုတွေ့တိုင်း သူခိုးလူမိဖြစ်နေမိတဲ့ ကိုယ့်အဖြစ်ကို ဖမ်းဝရမ်းထုတ်ပြီး နှလုံးသားတစ်စုံကို လက်ထိပ်ခတ်ပေးပါ။
စစ်သား
*******
ကျား ၃
မ ၃
စုစုပေါင်းမိသားစု ၆
စီးပွားရေး သင့်တင့်
အမွေဆိုင်အိမ်တစ်လုံးရှိ
အမိန့်နာခံရန် အသင့်။
ကျူ ရှင်ဆရာ
***********
အစိုးရစစ်ပဲဖြစ်ဖြစ် ကျောင်းတွင်းစစ်ပဲ ဖြစ်ဖြစ် ကိုယ့်အချစ်က အောင်ချက်အကောင်း ဆုံးဖြစ်စေရမယ်။
တရားသူကြီး
***********
၅၂၈ထက်ကျော်လွန်သော
ပုဒ်မ ၁၅၀၀ကြောင့်
ကျွန်ုပ်ကို ကျွန်ုပ် အပြစ်ဒဏ်ချလိုက်သည်။သင်နှင့်တစ်သက်တစ်ကျွန်းအိမ်ထောင်ကျရန် လက်ခံပေးပါ။
ရှေ့နေ
*******
မျက်မြင်သက်သေများရဲ့ထွက်ဆိုချက်အရ
အချစ်တရားခံ ကိုယ့်ကို သက်ညှာတဲ့ပုဒ်မ တစ်ခုတပ်ပြီး မင်းနဲ့အနီးဆုံးနေရာမှာ ရာသန်ပန် နေခွင့်ပြုပါ။
မျိုးချစ်
******
အမျိုးစစ်မှ အမျိုးချစ်တတ်တဲ့မင်းကို
ဗမာ အစစ်ဖြစ်တဲ့ငါက မင်းကိုချစ်ကြောင်း
ရင်ဘတ်မှာ၉၆၉ တံဆိပ်တောင် ခပ်နှိပ်ထားပါရဲ့။
ဘုန်းကြီးလူထွက်
*****************
ကိလေသာပူလောင်မှန်းသိပေမယ့် လောကုတ္တရာကို ဒကာမလေးမပါပဲနဲ့
ဥူးပဇင်းမသွားနိုင်ပါ။
ဗကသ
********
ဘယ်အစိုးရပဲတက်တက် ငါ့အချစ်ကို နင်လက်မခံမချင်း သပိတ်လှန်ဖို့ စိတ်မကူးပါ။
ငှက်
****
ပြည်သူတွေတင်မြောက်တဲ့ ဒို့ အစိုးရလက်ထပ်မှာ မင်စွန်းခဲ့တဲ့ လက်သန်းလေး၂ချောင်း နဲ့ ဘဝခရီးကြမ်းကို တူတူလျှောက်ကြအောင်။
တယ်လီနောဝန်ထမ်း
********************
သတိရတဲ့စိတ်တွေကြောင့် မင်းဆီ တနေ့ကို စာ အကြိမ်ကြိမ်ပို့နေရောပေါ့။
ဘဏ်ဝန်ထမ်း
**************
ကိုယ့်အချစ်တွေ မင်းဆီမှာအပ်နှံဖို့မှတ်ပုံတင်ပါယူခဲ့တယ် ။
စီးပွားရေးသမား
***************
ကုန်ဈေးနှုန်းဆိုတာ အတက်အကျရှိပေမယ့်
ကိုယ့်အချစ်တွေက နှလုံးသားဈေးကွက် မှာတည်ငြိမ်လျှက်ပါ။
ဆြာဝန်
*******
ဘယ်ဆေးမှမတိုးတဲ့ ကိုယ့်နှလုံးသား
မင်းနဲ့မှ နလန်ထ တာပါကွာ ။
အင်ဂျင်နီယာ
***********
ခိုင်မာလှပတဲ့အချစ်အိမ်တစ်လုံးဖန်တီးဖို့ မင်းဘက်က ခေါင်းတချက်ပဲ ငြိမ့်ပေးပါ။
ဗေဒင်ဆရာ
************
မဟာဘုတ်ပဲ ထူထူ ဂြိုလ်ခုံကိုပဲကြည့်ကြည့်
မင်းအတွက်ဆို ကိုယ့်အချစ်က ယတြာ မလိုပဲ
စုတ်ကော လာဘ်ကောဝင်ချင်တာပါ။
EPC
******
မီးတစ်ခါပျက်တိုင်း ကိုယ့်ကို တစ်ခါသတိရမယ်ဆို မီးဖြတ်ဖို့ ကိုယ့်တာဝန်ထားပါ။
အမတ်
******
ပိုင်ဆိုင်မှုနှင့်တစ်ကွ တင်ပြထားသော ကိုယ့်အချစ်ကို
သဘောတူပါသလား။
သဘောတူပါသလား။
သဘောတူပါသလား။
Monday, April 25, 2016
ကျေးဇူးတင်တယ် :)
မုန်းခြင်းးးးး
မုန်းခြင်းကင်းသော
အဖြစ်ကိုသာရ၍
ချစ်ခြင်း၌ မနှစ်မြုပ်သောသူ
အပြုံးးးးးးး
မာယာပါသော အပြုံး
မုသားရောသောအပြုံး
ဤအပြုံးတို့ မှ ကင်းဝေးရ၍
ကမ္ဘာကြီးတည်တံ့နေသရွေ့
မာယာမဲ့ မုသားးးးကင်းသော
အပြုံးကိုပိုင်ဆိုင်သောသူ
အရှုံး
တစ်ခုခုကို
အကြီးအကျယ် ဆုံးရှုံးဖူးသူမို့ 
ပြန်တမ်းတလိုက်တိုင်း
ရင်နာရတယ်
အနိုင်
အနိုင်တဲ့လား
ဘယ်တုန်းကမှ
ဘယ်သူ့ ဆီကမှ
ဘယ်အချိန်ကမှ
မရ ဖူးတဲ့ စကားလုံးးးးတစ်ခုပါ
အမုန်းနဲ့တိုက်လို့ 
အမုန်းနဲ့လက်စားချေမယ်လို့ များ
တွေးထင်နေသလား
မှားမယ်နော့
အာဃာတ တရားးးး မထားးးတတ်သော
ရင်မှ ဖြစ်တည်သော
အချစ်တွေနင်းခြေခံရတယ်
ရပါတယ်
ငါ့ ဘဝလေးးးး
အခု ပြည့်စုံနေပါပီ
ကျေးဇူးတင်ပါတယ်
နေ့ တိုင်းးးးးး ကျေးဇူးးးတင်နေတယ်
Sunday, April 24, 2016
အချစ်မစစ်တဲ့အချစ်ပန်း
အချစ် မစစ်တဲ့ အချစ်ပန်းတစ်ခိုင်
ကိုယ် ခူးးးဆွတ်ဖို့ 
စဉ်းစားနေမိတာလားးးးးး
မစစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ က
စစ်မှန်တဲ့ အချစ်ရှိသူကို ထိခိုက်စေတာ
သိနေသားးးးးနဲ့
Wednesday, April 20, 2016
ရင်ထဲကခံစားချက်
ရင်ထဲက ခံစားချက်အချို့
ဖွင့်မပြောရုံလေးပဲ့
အရိပ်တွေ အယောင်တွေ ပြရတာ
တခါတခါ မနှစ်သက်တဲ့စကားလေး
စာလေးးး တွေ့မိလိုက်ရုံနဲ့လည်းးးးးးးးး
ရက်ဘတ်တွေ အောင့်ရတယ်
ရင်နဲ့ရင်းးးးးးးပြီးးးးးးးးးး
ရင်နာရတဲ့အလုပ်မျိုးးးးးနဲ့
ကိုယ်တိုင်သော်လည်းကောင်း
အခြားသူသော်လည်းကောင်းးးးး
မကြုံတွေ့ပါရစေနဲ့လို့ သာ

