Wednesday, June 29, 2016

You are my everything ...

ခြောက်သွေ့လိုက်တာ
လောကကြီးရယ်
အရယ် အပြုံး  အလွမ်း  အဆွေး ကို
အတွေး  အရေး နဲ့ ဘယ်လိုပင်
ဖွဲ့နွဲ့စေကာမူ
တစ်ဦးတစ်ယောက်သော  ချစ်သူသာလျှင်
ဘဝကြီးကို စိုပြေစေမှာ အမှန်ပေမို့ 
တမ်းတ လွမ်းရ လို့ 
မောရပေမဲ့လည်း
စိတ်နှလုံးထဲ စွဲမြဲမှတ်သားမိတာက
အချိန်တွေတိုင်း ဖွင့်မပြောဖြစ်ခဲ့ပေမဲ့
သူ့ ရဲ့ လမင်းလေးဖြစ်ချင်တယ်
သူ့ ရဲ့  အလင်းရောင်လေး ဖြစ်ချင်တယ်
သူ့ ရဲ့ အရာရာ ဖြစ်ချင်တယ်
သူကလည်း ကျမရဲ့အရာရာမို့ ပါ
You are my everything . . . . . . .


No comments:

Post a Comment