Saturday, March 12, 2016

ကိုယ့်​အချိန်​ကို တန်​ဖိုးထား​နော်

ယုံမှတ်ခဲ့လို့ 
ခံစားချက်တွေ
ပုံအပ်ဖူးတယ်
   ကဗျာစပ်လို့ 
အချစ်တွေ
အမွှန်းတင်ဖူးတယ်
   အပြုံးတစ်ခုဖန်ဆင်းလို့ 
ကျမမျက်နှာမှာ
ပန်းချီငိုတဲ့နေ့ ရှိဖူးတယ်
   ကျလာတဲ့တာဝန်
ကျရာနေရာထမ်းဆောင်ဖို့ အတွက်
တောကြားတောင်မရှောင်နေတတ်ဖူးတယ်
     အလုပ်တွေများတိုင်း
ဒါ ဘဝလှဖို့  အစ ဆိုပြီးးးး
အချိန်တွေကုန်မှန်းမသိကုန်ခဲ့ဖူးတယ်
      ဘယ်သူ ဘာပြောပြော
အဖြူစင်ဆုံး ပြုံးတတ်ဖို့ 
ကျမ အချိန်တွေ ကုန်ဆုံးခဲ့ရတယ်
အရင့်ကျက်ဆုံးနေတတ်ဖို့ 
ကျမ အချိန်တွေမြုပ်နှံခဲ့ရတယ်
တာဝန်တွေ မလစ်ဟင်းစေဖို့ 
ကျမ အချိန်တွေ အထိုင်ကြာခဲ့ရတယ်
အခုအထိ
ကိုယ်ပိုင်တဲ့အချိန်လေး ရှားပါးနေတာ
ကိုယ်မဟုတ်တဲ့အခြားသူအတွက်
အချိန်ပေးခဲ့ရလို့ ပါ
ဒီနေ့ ကစ
ကိုယ့်အချိန်တွေကို  တန်ဖိုးထားးးးပြီးးးးးးးးးး


No comments:

Post a Comment