Monday, March 7, 2016

တိတ်​တိတ်​​လေး လမ်းခွဲခဲ့တာ

တိတ်တိတ်လေး  လည်း လမ်းခွဲခဲ့တာ ဟုတ်ဖူး
မချစ်ရင် မနေနိုင်တာလည်း ဟုတ်ဖူး
ချစ်နေသေးတာလည်း ဟုတ်ဖူး
နင်မရှိတဲ့ နေရာ ကနေ
တိတ်တိတ်လေးတော့
ပြန်လွမ်းမိတာက
အချိန်တွေ အကုန်မြန်သားပဲ့


အသည်းကွဲသူ​တွေအတွက်

အသည်းကွဲသူတွေအတွက်
အချစ်က ခါးတယ်တဲ့
သစ္စာ မရှိသူတွေအတွက် အချစ်က
ရင်နင့်စရာ
ချစ်တတ်သူတွေအတွက်က
ဘုရားပေးတဲ့ ဆုလဒ်
အပျိုကြီးတွေ အတွက်က
ပြန်မရနိုင်သော  တန်ဖိုးရှိသော
(     
မမချန်းသီချင်းထဲကလိုပေါ့လေ)
ဒီလိုနဲ့ပဲ့
ကျမ အသက် ၂၇
ပြန်မရနိုင်ဘူး ထင်နေကြပီလား
ဟားဟား
ဝေးသေး
ဝိုင်းစု လိုပဲ့
ပြောလိုက်မယ်
ခါ ချနေရတယ်
ဖုန်ကလေးတွေအတိုင်းးးးပဲ့
ခါ ချနေရတယ်


Sunday, March 6, 2016

ဝတ်​ရည်

ဝတ်ရည်
ဒီလို ချိုမြတဲ့ဝတ်ရည်တွေ
နင် သယ်လာ ကတည်းက
နင့်အချစ်တွေမှာ
အခါးဓာတ်တွေ ပါမှာကြောက်လို့ 
နင့်ကိုယ်နင်
ကာကွယ် ဖို့  မဟုတ်လား
တကယ်ဆို
ငါလည်း ဝတ်ရည်ချိုအစား
အဖန်ရည်ပြောင်းသောက်တော့မယ်
အဖန် အခါးက ဝမ်းထဲရောက်လည်း
ဆေးဖြစ်သေးတယ်
ချိုမြတဲ့ဝတ်ရည်ကတော့
အခန့် မသင့်ရင်
ချောင်းဆိုးနိုင်သေးတယ်
အခု က စပီးးးး
ငါ  အချိုမစားတော့ဘူး . . .


အချိန်ကာလ တစ်ခု ကြာမြင့်တဲ့အခါ . . .

အချိန်ကာလ တစ်ခု ကြာမြင့်တဲ့အခါ
ခံစားချက်တွေ လေး လံ လာ တယ်
ကာလတစ်ခုဖြတ်ကျော်ပီးတဲ့အခါ
အချစ်တွေ ယိုင်နဲ့လုလာတယ်
တောင်းဆိုချက်တစ်ခု လိုက်လျောမိတဲ့အခါ
ဘဝဆိုတာ အထီးကျန်လာတယ်
ငါက နွားတွေကို ခြံခတ် မမွေးတော့တာ
နင် သိသင့်တယ်
လောကကြီးက သူများတွေအတွက် ဘယ်လိုလဲတော့
သိဘူး
ငါ့အတွက်တာ့
ကွက်ကျော်ရွေ့တာများနေပီ
ကဗျာတစ်ပုဒ် ဖတ်ရတဲ့အခါ
အရင်လို ရင်မခုန်ရဲတော့တာ
ကာရန်မဲ့ ခံစားချက်တွေ
နင်   ငါ့အနား ထားခဲ့လို့ ပါ


Saturday, March 5, 2016

ချစ်​သူ

▶ချစ်သူ
••• ♥ •• ♥ •••
နင့်ကို အရမ်းချစ်လို့  စတဲ့ နောက်တဲ့အခါ မငြိုငြင်ပါနဲ့ ဟာ...
နင်စိတ်တိုတာလေးက အရမ်းချစ်ဖို့ ကောင်းလို့ ပါ .. .. ..
▶ချစ်သူ
••• ♥ •• ♥ •••
နင်နေမကောင်းဖြစ်တဲ့အခါ ငါ ဒေါသဖြစ်ပြီး အော်ငေါက်တဲ့ အခါ မငြိုငြင်ပါနဲ့ ဟာ...
နင် နေမကောင်းဖြစ်တဲ့အခါ မတွေ့ ရတဲ့ရက်တွေက ငါ့အတွက်ပူလောင်လို့ ပါ.. .. ..
▶ချစ်သူ
••• ♥ •• ♥ •••
နင် ခဏခဏ စိတ်မကောက်ပါနဲ့ ဟာ ...
နင် စိတ်ကောက်ပြီး မခေါ်မပြောပဲနေတဲ့အခါ ငါအရမ်းဝမ်းနည်းလို့ ပါ.. .. ..
▶ချစ်သူ
••• ♥ •• ♥ •••
Facebook ပေါ်မှာ Photos တွေခဏခဏ မတင်ပါနဲ့ ဟာ...
နင့် ပုံကို ငါမဟုတ်တဲ့အခြားသူတွေက ချစ်ဖို့ ကောင်းတယ်ဘာဘာညာညာပြောရင် ငါမုန်းလို့ ပါ.. ..
▶ချစ်သူ
••• ♥ •• ♥ •••
အွန်လိုင်းမှာ ငါမရှိတဲ့အခါ ဘယ်သူနဲ့ မှမချက်ပါနဲ့ ဟာ...
နင် ငါမဟုတ်တဲ့အခြားသူတွေနဲ့ စကားတွေပြောရင် ငါအရမ်းသဝန်တိုလို့ ပါ...
▶ချစ်သူ
••• ♥ •• ♥ •••
ငါ့အပေါ်မှာ မကျေနပ်ချက်တဲ့ ရှိတဲ့အခါပြောပြပေးပါ ဒီလိုကြီးတော့ပစ်မထားပါနဲ့ ဟာ...
ငါက နင့်အတွက် အကောင်းဆုံးတွေကို ဖြစ်စေချင်လို့ ပါ.. .. ..
▶ချစ်သူ
••• ♥ •• ♥ •••
နင်တွဲထားတဲ့ ငါ့ရဲ့ လက်ကလေး ကို ဘယ်တော့မှ လွှတ်ဖို့ မတောင်းဆိုပါနဲ့ ဟာ...
နင်မရှိရင် မဖြစ်တဲ့ဘဝမှာ ငါမရှင်သန်ချင်လို့ ပါ.. .. ..
နင်ပြောသမျှ ရေစီးကြောင်းကတိစကားလေးတွေက ဘာနဲ့ မှဖြတ်တောက်လို့ မရနိုင်ဘူးလို့ ...
ငါ ဘဝနဲ့ ရင်းပြီး ယုံကြည်ထားရင်း နင့်ရဲ့ ဘေးမှာပဲ နေ့ ရက်တွေကို ကုန်ဆုံးခွင့်ပြုပါ...


ချစ်​သူနှစ်​​ယောက်

ချစ်သူနှစ်ယောက် စိတ်ဆိုး..စိတ်ကောက်ကျတဲ့
အချိန်ဆို ကိုယ်စီ မာနလေးတွေနဲ့ တော့ သူအရင်
ခေါ်မလားဆိုတာလေးကို မျှော်လင်းရင်းစောင့်နေ
တတ်ကျတယ်..........

အရင်ပြန်ခေါ်တဲ့သူက ပိုချစ်တဲ့သူဆို ငါက အမြဲတမ်း
ငါ့ မာနလေးကိုချိုးနှိမ်ပီး နင့်ဆီအရင်ဆက်သွယ်မိတယ်လေ
ငါ နင့်ဆီမဆက်သွယ်မချင်း ငါ့ ကိုပစ်ထားတတ်တာ
ငါ ချစ်သလောက် နင်က မချစ်လို့ ပေါ့နော်............

ငါ မစဉ်းစားချင်ပါဘူး ချစ်သူ နင်က င့ါလောက် ချစ်တာ
မချစ်တာထက် ငါကတော့ နင်နဲ့ ဝေးနေရတဲ့ အချိန်ခဏလေးမှာ
တောင်အရမ်းကို ခံစားရလွန်းလို့ ငါ ဘယ်လိုမှ မနေတတ်ခဲ့ဘူး
ချစ်သူ........... ကျေးဇူးပြုပီး ငါနဲ့ အဝေးဆုံးကို ထွက်ပြေးဖို့ 
တော့ မကြိုးစားလိုက်ပါနဲ့ နော် ချစ်သူ..............