ကျမကြိုက်တဲ့ ခါးသက်တဲ့
ကော်ဖီကို အစားပြု
ခေါ်ချင်တယ်မောင်
မောင့်နာမ်စားလေး သတိယနေသေး
အဆင်မှပြေပါစမောင်
ညည အခါ တခါခါတွေး
အတွေးနှိပ်စက် အိပ်ပျက်ခဲ့တာများပီမောင်
နှစ်ကိုယ်တူ တစ်ဘဝ သုံးနှုန်းခဲ့တဲ့မောင်
အခု ဘယ်ချောင်ကို အမှန်ထင်ပြီး
ခြေရာပြင်နေသလဲ မောင်
ရခဲလှ လူ့ ဘဝ မှာ
မြန်မာ့ ရိုးရာ မြတ်နိုးလှပါတယ်ဆိုတဲ့မောင်
အရင်မွေးလှပါတယ်ဆိုတဲ့
သနပ်ခါး ပါးကွက်ကြားက
အခုဆို အူကြောင်ကြောင်နိုင်တယ်လို့ 
များထင်တတ်နေပီပေါ့ မောင်
သနားစရာကောင်းတဲ့
ပန်းခင်းလေးတွေမှာ ပန်းပွင့်လေးတွေကို
ကျမရေလောင်း ပေါင်းသင်ပီး
ပြုစုပျိုးထောင်ပေးရင်း
မောင်ဆိုတာကို ကျမမေ့နေခဲ့တာ
နှစ်ပေါင်း လက်ချိုးရေလို့ ရနေပီမောင်
ကျမသုံးတဲ့ နာမ်စားလေးကို
တခါခါ တိုက်ဆိုင်လို့ များ
မောင်နှစ်သက်နေအုန်းမယ်ဆိုရင်
ကျမဆိုတဲ့ ခလုတ် မောင် တစ်ခနပြန်လို့ များ
သတိယနေအုန်းမလားးမောင်
်
Thursday, April 7, 2016
သတိရနေအုံးမလားမောင်
Thursday, March 31, 2016
အိပ်မက်ညတွေ
အိပ်မက် ညတွေ
လွန်တဲ့ အခါ
လ သာ ညတွေ
စိုးမိုး ပြန်တယ်
လ သာ ညတွေ
လွန်ပြန်သော်လည်း
အလွမ်းနှိပ်စက်
အိပ်၍ပျော်ဘိ
မပျော်ဘိနှင့်
အလွမ်းတွေလွန်
အလွမ်းနယ်ကျော်ပီး
အိပ်မက်ပြန်လည်
စိုးမိုးလေသော်
အိုးးးးးးးးး
အဘယ်မှာ ငါ့ရဲ့ အိပ်ပျော်သော
ည
့
့
Tuesday, March 29, 2016
ကျမ ပြုံးရင်သတိထားနော်
ကျမကို
ရင်နာစေခဲ့သူကိုတောင်
ကျမ က ပြန်ပီးရင်မနာစေခဲ့ပါဘူး
ကျမကို
နာကျင်စေခဲ့သူကိုလည်း
ကျမ က ပြန်ပီးမနာကျင်စေခဲ့ပါဘူး
ကျမ ကိုပြုံးစေသူကိုဆို
ပိုပီးတော့ ကျမ ပြုံးစေချင်တာပါ
ရင်ဘတ်တွေရင်းပီး
ရင်ဘတ်တွေအောင့်ကြရတာ
တစ်မျိုးသော နှိပ်စက်ခြင်းပေပဲ့
ကျမ အပေါ်ကောင်းသောသူများကို
ကျမ ကကောင်းပါမည်
ကျမ အပေါ် မကောင်းသောသူများကိုတော့
ဥပက္ခာပြု ပြုံးပြသွားပါမည်
ကျမ ပြုံးရင် သတိတော့ထားစေချင်
လောကကြီး
လောကကြီးမှာလေ
ယာဉ်လမ်းကြောင်း
ပြောင်းပြန်မောင်းပီးလည်းးး
အဆင်ပြေနေကြတယ်
့  ကျတော့
လမ်းစည်းကမ်းလိုက်နာတယ်
ဒါနဲ့တောင်
အမြဲ စိတ်ညစ်စရာကြုံရတယ်
အချို့က
ရင်ထဲကမပါတဲ့အပြုံးတစ်ခု
မျက်နှာပေါ်တင်ပီးးး
နောက်ကွယ်ကနေ မဟုတ်တာလုပ်နေလည်း
လူတွေ လူတွေ
အပြုံးကိုပဲ့မြင်ပြီးးးးးး
ကောက်ချက်ချ စောကြတယ်
့  ကျတော့
စိတ်ထားဖြူအောင် နေတာတောင်မှ
ဘယ်တုန်းကမှ စိတ်ထားလေး လှတယ်မမြင်ကြဘူး
အမြဲတမ်း
တပါးသူအတွက်တွေးပေးတဲ့သူက
အမြဲတမ်းရင်နာရမှာလားးးး
မတန်လိုက်တာ လောကကြီးရာ
Tuesday, March 22, 2016
နှစ်ပတ်လည်
နှစ်ပတ်လည်တစ်ခုကို
ကျော်ဖြတ်ခဲ့တာ
နှစ်တွေအများကြီးးးးး
ကြာခဲ့ပါပီ
အခြေအနေတွေ မပေးတဲ့ ဘဝမှာ
ဘယ်တော့မှ
ပျော်ရွှင်ခြင်းကိုမမျှော်လင့်သလို
ဘယ်တော့မှလည်း
ငိုကြွေးခြင်းကို လူမသိစေချင်ခဲ့ဘူး
မပျော်ရွှင်ခဲ့ရတဲ့ နှစ်ပတ်လည် နေ့ မှစ
နောင် နှစ်တွေအများကြီး
အသက်ရှင်ရရင်လည်း
မပြုံးလိုက်ရတဲ့ပျော်ရွှင်မှုမျိုး
ဘယ်တော့မှ
ဘယ်တော့မှ
ဖြူစင်လွန်းတာ :)
ဖြူစင် လွန်းတာ
မဟုတ်ဘူး
အပြစ်ကင်းအောင် နေတတ်တာ
အပြစ်ကင်းတာလေးးးးးးကို
မြတ်နိုးတာ
တန်ဖိုးထားတာ
ရင်ထဲ ထွင်းဖောက် မြင်နိုင်လွန်းတယ်
အခါ တစ်ရာ မက လို့
အပြစ်ကင်းတဲ့ ချစ်ခြင်းနဲ့
ရင်ဆိုင်တွေ့ရပါစေသားးးးးးးးးးးး
ဖူးစာဖက် ပြန်မဖြစ်ပါရစေနဲ့
အမြင့်ရောက်ဖို့ 
ငါ့ကို နင်းပီးမှသွားရမယ်ဆိုလည်း
အနိမ့်ကျ ဘဝကနေ
အနင်းခံ
အဖြည့်ခံ လူ အဖြစ်
ဝန်မလေးပါဘူး
ဒါမဲ့
အမြင့်ရောက်ရင်
အရင်လို ငါ့ကို
မကြည့်ဘဲနေပေးပါ
အရင်လို ငါ့ကို
ဂရုမစိုက်ပ်ါနဲ့
အရင်လို
အရင်လိုပဲ့
စိမ်းကား ရက်စက်
မာကျော ပြတ်သား
နှိမ်ချ ဖိနှိပ် စွာပဲ့
ဆက်ဆံပေးပါ
ငါ့ကို ကြည့်ပီးသနားလာရင်းကနေ
ချစ်မိသွားမှ
အနင်းခံ ငါက
အမြင့်စံ နင့်ရဲ့
ဖူးစာဖက် ပြန်မဖြစ်ပါရစေနဲ့ လို့ သာ
