Monday, February 29, 2016

ငှက်​က​လေး

ငှက်ကလေး
မင်းလာနားပုံကမယုံနိုင်စရာ
တိုးတိတ်ညင်သာလွန်းရဲ့
ရှုခင်းမဲ့ပြတင်းပေါက်အသေထဲ
မင့်ရဲရင့်ဖျတ်လတ်တောင်ပံခတ်သံနဲ့
အမှန်တွေဟာသက်ဝင်လင်းပြက်လို့

ငှက်ကလေး…
မင်းဟာ ကမ္ဘာဦးဂူနံရံမှာ
ငါရေးခြစ်ခဲ့တဲ့ သိစိတ်မဲ့ပန်းချီကား
အလင်းကန်းနေတဲ့ မျက်လုံးတွေရဲ့တံခါးကို
မင်းရင်ထဲကသီချင်းစာသားနဲ့ ဖွင့်ခဲ့တယ်…
အရှုံးမဟုတ်ဘူး ငှက်ကလေး…

ငြိမ်းချမ်းရေးဆိုတာ
ချစ်ခြင်း မေတ္တာရဲ့ ထိုးမြဲလက်မှတ်ပါ
မင်းပျံသန်းသွားပြီးတဲ့နောက်မှာ
ငါဟာ ငြိမ်းချမ်းစွာချစ်ခဲ့တယ်…
ငါဟာငြိမ်းချမ်းစွာ…

ငါဟာ…
ငှက်ကလေး…
မင်းစတေးခဲ့တဲ့တောင်ပံတွေရဲ့ တံစက်မြိတ်မှာ
ငါ့အမှောင်စိတ်သွေးတိတ်ခဲ့ပေါ့
မရေရာသူတွေရဲ့ စကားမှာတော့
မင်း ပျံသန်းပျောက်ပျက်ခဲ့ပြီတဲ့
ရင်ထဲကိုလာနားတဲ့ ငှက်ဆိုတာ
တစ်သက်လုံးပျောက်ပျက်ဖို့ ပျံသန်းမှာ မဟုတ်ဘူး
ငါ အဲဒီလို ယုံကြည်ဖွဲ့ဆိုခဲ့တယ် ။ ။


လိုချင်​တာ တစ်​မျိုး

လိုချင်တာတစ်မျိုး
ရတာတစ်မျိုးနဲ့
စိတ်ပျက်မိတဲ့ တခဏတာမှာ
ပတ်ဝန်းကျင်က ပြောကြတာ
ဓမ္မတာ ပါတဲ့
ဓမ္မတာဆိုတာ
လူဖန်တီးတာပါ
ဓမ္မတာဆိုတာ
ဘဝကပြုခဲ့တဲ့ကောင်းမှု မကောင်းမှုပါ
ဓမ္မတာဆိုတာ
ယခုဘဝမှာ အားထုတ်ခြင်း
ကြိုးစားခြင်း ပါပဲ့
အခု ကြိုးစားနေတယ်
ဖြစ်တတ်ပါတယ်ဆိုတဲ့ဓမ္မတာကို
ပြင်ချင်လို့ 


Sunday, February 28, 2016

ရက်​စက်​သူ - - -

ရက်စက်သူ
မင်းအကြောင်းကို တွေးတော....
ငေးမောလို့ စာရွက်ပေါ်ချရေးမိတဲ့အခါ...
ဒါဟာ ကဗျာတစ်ပုဒ်ဖြစ်ဖြစ်သွားတယ်...။
အိပ်မက်မှာ လွင့်မျော.........
စိတ်တို့ကို အတွေးနယ်ချဲ့မိပြန်တော့.....
ညစဉ် ငါ့မှာ ရင်မောနေရတာ....
ဒါကို ဘယ်သူကရော သိနိုင်မှာလဲကွယ်...။
မလိုချင်ပါဘူး..........
အဆိပ်တက်နေတဲ့ နေ့တွေ........
ရင်မဆိုင်ချင်ဘူး.........
အိပ်ပျက်နေတဲ့ညတွေ............
တိတ်တဆိတ် ငါ့ရင်ခွင်ထဲ
မင်းရောက်လာမဲ့နေ့.........
ရင်ခုန်စွာ မျှော်လင့်မိနေလဲ.........
စိမ်းရက်စက်နိုင်လွန်းတဲ့ မင်းနှလုံးသား...
တခါကလို အေးစက်စက်နိုင်တုန်းပါပဲကွယ်..။


ချစ်​သူသိ​စေ

ကြယ်စင်တွေ ဖြန့်ကျဲ.........
အဆုံးအစမရှိတဲ့ ကောင်းကင်ရင်ဘတ်ထဲ.....
အပြာရောင်ဂြိုလ်တစ်ခု.........
တည်ဆောက်နေခဲ့တယ်........။
မင်းတစ်ယောက် ခိုလှုံဖို့ပေါ့ကွယ်......။
အကြင်နာတွေ စိုက်ပျိုး.......
ထာဝစဉ် မညှိုးလေမဲ့ အချစ်ပန်း......
ငါ့နှလုံးသား ဥယျာဉ်မှာ ပွင့်လန်းလို့နေပြီ...
မင်းတစ်ယောက် ပန်ဆင်စေတော့ကွယ်....။
ရင်ခုန်သံတွေ မြေမှာချနင်း.........
ငါ့နှလုံးသားကို ကြည်ဖြူစွာ
လမ်းခင်းပေးလိုက်ချင်တယ်...........
(အပူအပင် ကင်းမဲ့စွာနဲ့) .........
မင်းတစ်ယောက် နင်းလျှောက်စေတော့ကွယ်...။
တခါတခါတော့လဲ.........
ကမ္ဘာကို တိုင်တည်ပြီး..............
စကြာဝဠာကြီးတစ်ခုလုံး မြည်ဟီးသွားတဲ့အထိ
မင်းသိအောင် အော်ပြောလိုက်ချင်တယ်......
ငါ့အသဲ ငါ့အသက်နဲ့ ထပ်တူ
မင်းကို ချစ်တယ်....


ချစ်​သူသို့ တမ်းချင်း

လေပြေတွေက ဥသြငှက်ရဲ့ အော်သံနဲ့အတူ
ပစ္စုပ္ပန်ကို ငါ့ဆီကိုခေါ်ဆောင်လာခဲ့တယ် ။
နွေဦးကို မြင်ရတဲ့ အချိန်လောက်
ဘ၀မှာ သာယာတာမျိုးမရိုးနိုင်ဘူး ။
ဒါနဲ့တောင် အတိတ်မှာပျော်ဝင်နေချင်သေးတဲ့ ငါက
အိပ်မက်ကနိုးထဖို့တောင် ယောင်နန....
ချောင်ကျကျ ကော်ဖီဆိုင်ထောင့်မှာ
ဘယ်လောက်ကြာအောင် ထိုင်နေခဲ့မိပြီလဲမသိ.....
နင်ရှိနေသေးတယ် ဆိုတဲ့ အသိက
ငါ့ရင်ကို တလှပ်လှပ်ခုန်စေခဲ့တယ် ။
ဒီလိုနဲ့ပဲ......မျှော်လင့်ချက်တွေ ထပ်ထပ်ပြီး
တောင်လိုရာလို ပုံနေခဲ့တယ် ။
ရင်ခုန်စွာနဲ့ အိပ်မက်နေဆဲပါ...ငါ့ချစ်သူ
ငါဟာ အိပ်မက်နေဆဲ......
ကျေးဇူးပြုပြီး အိပ်မက်ကငါမနိုးပါရစေနဲ့ ။
မျှော်လင့်ချက်တွေကို နင်ရိုက်ချိုးမပစ်လိုက်ပါနဲ့ ။
ကျေးဇူးပြုပြီး ငါ့ကိုဆက်လက်ရှင်သန်ခွင့်ပေးပါ ။
ဒီကမ္ဘာလောကကြီးရဲ့ တနေရာရာမှာ
နင်ရှိနေသေးတယ်ဆိုတာ.......
ငါ့နှလုံးသားက အသေအချာကိုသိနေလို့ပါ ။


ကောင်​မ​လေး • • • •

ကောင်မလေး .......
ရင်ခုန်သံတွေ ရပ်လောက်အောင်ကို
လှတဲ့ ကောင်မလေး....
နှုတ်ခမ်းလေး နီထွေးထွေးနဲ့
ချစ်စရာကောင်းတဲ့ ကောင်မလေး.....
ငါ ညည အိပ်ရေးပျက်ရတာလဲ
နင့်ကြောင့်ပါပဲ ကောင်မလေး......
ကောင်မလေးရေ...
နင်မို့လို့ လမ်းလျှောက်သွားရင်
လူတွေအားလုံး ၀ိုင်းငေးကြတယ် ။
လှလွန်းတဲ့ နတ်မိမယ်ရယ်....
ရင်ခုန်သံမြန်နေလို့ ရူးရတော့မယ် ။
အရမ်းကြီး အလှမပြင်ပါနဲ့ ။ (နောက်ပြီး)
အရမ်းကြီးလဲ မလှချင်ပါနဲ့ ။
နတ်သမီးလေး...
နင် ငါကလွဲပြီး ဘယ်သူ့ကိုမှ
မချစ်လိုက်ပါနဲ့  . . . . . .


Saturday, February 27, 2016

ကျွန်​မအတွက်​ဆို :)

ကျမအတွက်ဆို
ဘယ်တော့မှမအားပေမဲ့
တဖက်သတ်တွေနဲ့လည်း
အပျော်စိတ်ကူးယဉ်ဖူးတယ်
ကျမအတွက်ဆို
ဘယ်တော့မှကဗျာမဖွဲ့ပေမဲ့
အခြားသူရဲ့အလွမ်းကဗျာတွေနဲ့လည်း
စိတ်ကူးယဉ် ပျော်ဖူးတယ်
ကျမအတွက်ဆို
ဘယ်တော့မှ အနားမလာချင်ပေမဲ့
မျှော်ရင်းနဲ့လည်း စိတ်ထဲ
ကျေနပ်ဖူးတယ်
တခါတလေ
အကြောင်းမတိုက်ဆိုင်သော်လည်း
သတိတွေရပြီး အိပ်မက်တွေထဲ
ယောင်ယောင်ပီးလည်း အမြဲပြုံးဖူးတယ်